Trending Now

ခြေစစ်ပွဲမအောင်လို့ ဖျက်ဆီးမှုတွေလုပ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပရိသတ်

Spread the love

ခြေစစ်ပွဲမအောင်လို့ ဖျက်ဆီးမှုတွေလုပ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပရိသတ်

EPN
အကစား၊ မတ် ၃၀

ဂါနာနဲ့ ၁-၁ သရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာတော့ အဝေးဂိုးစည်းမျဉ်းနဲ့ ခြေစစ်ပွဲမအောင်ခဲ့တဲ့ နိုင်ဂျီးရီးယားပရိသတ်တွေဟာ ကွင်းအတွင်းဝင်ရောက်ကာ ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ နိုင်ဂျီးရီးယားပရိသတ်တွေဟာ ပွဲသိမ်းခရာမှုတ်တာနဲ့ ကွင်းအတွင်းဝင်ရောက်ခဲ့ကြပြီးဧည့်သည်ပရိသတ်တွေနဲ့ ဂါနာကစားသမားတွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုလုပ်ခဲ့ကြပါတယ်။

ကွင်းလုံခြုံရေးတွေ တုံ့ပြန်မှုနှေးကွေးခဲ့လို့ ကွင်းထဲမှာ ရှိသမျှ ပစ္စည်းတွေကိုလည်း နိုင်ဂျီးရီးယားပရိသတ်တွေက ဖျက်ဆီးမှုလုပ်ခဲ့ကြပါတယ်။

ဧည့်သည်အသင်းသားတွေဟာ သူတို့အသက်အန္တာရယ်အတွက် ဥမင်ထဲကို အပြေးဝင်ခဲ့ရပြီး နောက်ပိုင်းမှ ရဲတွေဝင်ရောက်လာကာ နံပါတ်တုတ်တွေ၊ မျက်ရည်ဗုံးတွေသုံးပြီး လူစွဲခွဲဖို့ လုပ်ဆောင်ခဲ့ရပါတယ်။

၁၀ မိနစ်နီးပါးကြာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် နိုင်ဂျီးရီးယားဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယားနဲ့ဂါနာတို့ရဲ့ဒီပွဲကို ပရိသတ် ၆၀၀၀၀ နီးပါး တက်ရောက်အားပေးခဲ့ကြပြီး နိုင်ဂျီးရီးယားဟာ အရင်ကမ္ဘာ့ဖလား ၇ ကြိမ်မှာ ၆ ကြိမ်ယှဉ်ပြိုင်ခဲ့ရတာမို့ အခုလိုခြေစစ်ပွဲမအောင်တာကို ပရိသတ်တွေဘက်က လက်မခံနိုင်ခဲ့ပါဘူး။

Souce – 90MIN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။