Trending Now

ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်အကြမ်း တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ အထိ ဈေးတက်လာ

Spread the love

ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်အကြမ်း တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ အထိ ဈေးတက်လာ

EPN
မော်လမြိုင်ကျွန်း၊ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် မတ်လအတွင်း ဆန်အကြမ်း ၂၄ ပြည်တစ်အိတ်လျှင်ငွေကျပ် ၅၀၀၀ အထိ ဈေးတက် လာသည်ဟု မော်လမြိုင်ကျွန်းရှိ စပါးရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မတ်လသည် မိုးစပါးများ ပေါ်နေသည့် ကာလဖြစ်သော်လည်း မိုးစပါးအထွက်နှုန်း နည်းခြင်းနှင့် ပြည်ပနိုင်ငံများက ဆန်ဝယ်ယူမှုများရှိလာ ခြင်းကြောင်း ဆန်အကြမ်းအုပ်စုတွင် ပါဝင်သော ဆင်းသုခ၊ ပခန်း၊ သီးထပ်ရင်၊ မှော်ဘီ၊ မင်းဧရာစသည့် ဆန်များ ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ အထိ ဈေးတက်နေသည်ဟု ဆန်ပွဲရုံများထံက စုံစမ်းသိရသည်။

”လက်ရှိအကြမ်းအုပ်စုမှာ ပါဝင်သောဆန်များ ဈေးတက်လာပါတယ်။ ဆန် ၂၄ ပြည်ပါတစ်အိတ်ကို ငွေကျပ် ၅၀၀၀ လောက်အထိ တက်လာပါတယ်။ ဆန်စပါးကို တစ်ချို့က လှောင်ဖို့ဝယ်ယူခင်းနဲ့ တစ်ချို့က သန့်ပြန်ရောင်းဖို့ဝယ်ယူနေခြင်း၊ ပြည်ပဈေး ကွက်ကလည်း ပြန်လည်းဝယ်ယူလာခြင်း တွေကြောင့် ဈေးကောင်းနေခြင်းဖြစ်ပါတယ်။ ဒါ့အပြင်ဆန်အချော ဈေးလည်းကောင်းလာပါတယ်။ ဆန်ကုန်သည် တွေက ရန်ကုန်ဘက်က လာဝယ်တာများပါတယ်။ နောက်ထပ်ပေါ်မယ့် နွေစပါးများမပေါ်သည့် အချိန်ဈေး က ဆက်ကောင်းလာဖို့ရှိပါတယ်။” ဟု မော်လမြိုင်ကျွန်းမြို့ ရှိစပါးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဦးစိုးမြင့်က ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလက ၂၄ ပြည်ပါ ဆန်အကြမ်းတစ်အိတ် ဈေးနှုန်းမှာ ဆင်းသုခ တစ်အိတ်လျှင်ငွေကျပ် ၂၃၀၀၀၊ ပခန်း တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀၊ သီးထပ်ရင်တစ်အိတ် လျှင်ငွေကျပ် ၂၂၀၀၀၊ မှော်ဘီ ၂၇၀၀၀၊ မင်းဧရာ တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀ ဈေးသာရှိခဲ့ပြီး မတ်လ အတွင်း ဆင်းသုခတစ်အိတ်လျှင်ငွေကျပ် ၂၈၀၀၀၊ ပခန်းတစ်အိတ်လျှင်ငွေကျပ် ၃၀၀၀၀၊ သီးထပ်ရင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၊ မှော်ဘီ ၃၂၀၀၀၊ မင်းဧရာ တစ်အိတ်လျှင်ငွေကျပ် ၃၀၀၀၀ အထိရှိလာကြောင်း သိရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းခဲ့သဖြင့် စပါးဆန်ဈေးနှုန်းမှာ ယခင်နှစ်များထက် များစွာ မြင့်တက်နေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ရှိ ဆန်စပါးကုန်သည်များက သုံးသပ်ပြောဆိုသည်။

ထို့အပြင် ဘင်္ဂလာဒေ့ရှ်၊ မလေးရှား စသည့် နိုင်ငံများမှ ဆန်ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေပြီး ဖိလစ်ပိုင်နိုင်ငံမှလည်း ဆန်ဝယ်ယူရန် စုံစမ်းမှုများရှိ နေသဖြင့် စပါးဆန်ဈေး နှုန်းမှာ ပိုမိုမြင့်တက်လာနိုင်ခြေရှိ ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။