Trending Now

အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ ၁၉ ဦးထက်မနည်း သေဆုံး

Spread the love

အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ ၁၉ ဦးထက်မနည်း သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁

အီရန်နိုင်ငံ၏မြို့တော် တီဟီရန်မြို့ မြောက်ပိုင်းခရိုင်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တီဟီရန်မြို့တော် မီးသတ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျာလယ် မာလီကီက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၁၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး လေးဦးမှာ အမျိုးသားများဖြစ်ကြောင်း မာလီကီ က နိုင်ငံပိုင် IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပေါက်ကွဲမှုအတွင်း လူခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ၄င်းက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆောက်အအုံအတွင်း ပိတ်မိနေခဲ့သည့် လူ ၂၀ ဦးကိုလည်း မီးသတ်သမားများက ကယ်တင်ခဲ့ကြောင်း မာကီလီ က ပြောသည်။

ယမန်နေ့ညနေပိုင်းက တာဂျ်ရစ်ရင်ပြင်အနီး လူစည်ကားရာလမ်းမတစ်ခုပေါ်ရှိ ဆိုင်နာဆေးခန်း၌ ကျယ် လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အောက်ဆီဂျင်ဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေ သန္တရမီဒီယာများက ဖော်ပြခဲ့ကြသည်။

–ကိုးကား–
ဆင်ဟွာ
Ref; At least 19 killed in explosion at clinic in Tehran


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။