Trending Now

အမေရိကန်နိုင်ငံမှာ ဓါတုပစ္စည်းတွေ တင်ဆောင်လာတဲ့ ရထားလမ်းချော်မှုကြောင့် တိရစ္ဆာန် ၄၅၀၀၀ နီးပါး သေဆုံးခဲ့

Spread the love

အမေရိကန်နိုင်ငံမှာ ဓါတုပစ္စည်းတွေ တင်ဆောင်လာတဲ့ ရထားလမ်းချော်မှုကြောင့် တိရစ္ဆာန် ၄၅၀၀၀ နီးပါး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်မှာ အခုလအစောပိုင်းက ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ တိရစ္ဆာန် ၄၅,၀၀၀ နီးပါး သေဆုံးခဲ့ တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အိုဟိုင်းယိုးပြည်နယ် သဘာဝအရင်းအမြစ်ဌာနရဲ့အဆိုအရ ဖေဖော်ဝါရီ ၃ ရက်နေ့က လမ်းချော်မှုအပြီးမှာ တိရစ္ဆာန် ၃၅၀၀ ကျော်စတင်သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကနေ ၅ မိုင်အတွင်း သေဆုံးမှုတွေကို မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ အရှိန်ကို ကျော်လွန်သွားခဲ့တာကြောင့် ရထားတွဲ စုစုပေါင်း ၃၈ တွဲလမ်းချော်ကာ တိမ်းမှောက်ခဲ့ပြီး အဲဒီအထဲမှာ ၁၁ တွဲက အန္တရယ်ရှိတဲ့ ဓါတုပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

အဆိုပါအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေယိုစိမ့်မှုကြောင့် အနီးနားမှာနေထိုင်တဲ့သူတွေဟာ ကိုယ်လက်မအီမသာဖြစ်ကာ နေထိုင်မကောင်းဖြစ်ခဲ့ကြပြီး ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေဟာ စိုးရိမ်ပှုပန်မှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အိုဟိုင်းယိုးပြည်နယ် သဘာဝအရင်းအမြစ်ဌာနက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သေဆုံးခဲ့တဲ့ တိရစ္ဆာန်အများစုဟာ ရေနေသတ္တဝါတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ကုန်နေတိရစ္ဆာန် သေဆုံးမှုတွေကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ရထားလမ်းချော်မှုနဲ့ သက်ဆိုင်တဲ့ အမေရိကန်တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ ၁၂ လကနေ ၁၈ လအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့် ဒေသခံတွေကတော့ တရားဝင်ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြပါတယ်။

Ref; Ohio toxic train crash killed nearly 45,000 animals

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။