Trending Now

မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်များခိုးယူနေသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်များခိုးယူနေသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ်လ ၂၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်များကို ခိုးယူနေသည့် လင်မယားနှစ်ဦးကို ယမန်နေ့ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၆ ရက် ယမန်နေ့ ညနေပိုင်းအချိန် ဧရာရပ်ကွက် စိမ်ပန်းလမ်းပေါ်တွင် တာဝန်ရှိသူများမှ မှုခင်းကျဆင်းရေးအတွက် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ၎င်းလင်မယားနှစ်ဦး လမ်းလျောက်လာသည်ကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်များကို ခိုးယူနေသူများ ဖြစ်ကြောင်း စစ်ဆေးပေါက်ခဲ့ပြီး ၎င်းတို့ထံမှ ဆိုင်ကယ် (၄)စီးကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သူတို့နှစ်ယောက်က ဆိုင်ကယ်တွေကို ခိုးနေတာကြာပြီလို့ သိရတယ် ကျွန်တော်တို့လည်း ဆိုင်ကယ်ပျောက်တဲ့ နေရာတွေက ရရှိထားတဲ့ CCTY မှတ်တမ်းအချို့တွေလည်းရှိထားတယ်ဆိုတော့ မနေ့ညက သူတို့ကို ဖမ်းဆီး ရမိခဲ့တာပါ၊ အခုလက်ရှိမှာတော့ သူတို့နှစ်ယောက်ဆီကနေ 125 ဆိုင်ကယ်လေးစီးရတယ်၊ ဒီခိုးရာပါ ဆိုင်ကယ်တွေကိုလည်း ဥပဒေအရ လုပ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်၊ ဆိုင်ကယ်ခိုးခံရတဲ့သူတွေက မိမိဆိုင်ကယ် ဟုတ်မဟုတ် လာရောက်ကြည့်ရှုနိုင်တယ်၊ အခုလို မှုခင်းကျဆင်းရေးတွေ ဖော်ထုတ်နိုင်ဖို့က ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အလွန်အရေးကြီးတယ်၊ ဒါကြောင့် မိမိရပ်ရွာ လုံခြုံမှုရှိစေဖို့၊ မှုခင်းကျဆင်းဖို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု၎င်း က ဆိုသည်။

ယင်း ဆိုင်ကယ်ခိုးယူမူကြောင့် ဖမ်းဆီးခံရသည့် လင်မယားနှစ်ဦးဖြစ်သည့် ဦးမြင့်ချို အသက် (၅၂)၊ ဒေါ် အေးသီတာ အသက် (၅၄)နှစ် မှာ မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ်များကို ခိုးယူပြီး ရောင်းဝယ်မူ ပြုလုပ်နေသည်မှာ ယခင်ကတည်းက လုပ်ဆောင်နေသူဖြစ်ကြောင်း ဝန်ခံပြောဆိုချက်အရ သိရပြီး ၎င်းတို့အား မြစ်ကြီးနား မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။