Trending Now

တနိုင်းမြို့တွင် ၁၉နှစ်အောက် ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည်

Spread the love

တနိုင်းမြို့တွင် ၁၉နှစ်အောက် ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည်

EPN
မြစ်ကြီးနား ၊ မေလ ၄

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလားဘော်လုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ၁၉နှစ်အောက်ဘောလုံးပြိုင်ပွဲကို တနိုင်းမြို့တွင် လာမည့် မေလ ၇ရက်နေ့ တနိုင်းမြို့ပြည်သူ့အားကစားကွင်း၌ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယင်းပြိုင်ပွဲမှ ထူးချွန်ရွေးချယ်ခံရသော အားကကစားသမားများအနေဖြင့် ဇွန်လတွင်ကျင်းပမည့် ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဒိုင်းပြိုင်ပွဲ သို့ဝင်ရောက် ယှဥ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး ထိုမှတဆင့် ရွေးချယ်ခြင်းခံရပါက တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ အဆင့်သို့ လာမည့် ဇူလိုင်လအတွင်း သွားရောက် ယှဥ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

“ခရိုင်အားကာမှူးကနေပြီးတော့မှ ဇွန်လမှာ ဝန်ကြီးချုပ်ဖလားရှိပါတယ် အဲ့တာဝင်ပြိုင်နိုင်ရေးအတွက် လုပ်ပေးပါဆိုလို့ ၊ ဒီကလူငယ်လူရွယ်တွေလည်း တက်လမ်းလေးတွေရအောင်ဆိုပြီးတော့မှ အခြားနေရာမရောက်အောင်၊မကောင်းတဲ့ဘက်ကိုမရောက်သွားအောင်၊ လူငယ်တွေအတွက်လည်းအကျိုးရှိအောင်ဆိုပြီး ၁၉ နှစ်အောက်ဘော်လုံးပြိုင်ပွဲကို လုပ်ပေးတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပါဝင်ယှဥ်ပြိုင် ကစားလိုကြသည့် အသင်းများ
အနေဖြင့်မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်အားကစားကော်မတီနှင့်မြို့နယ်ထွေအုပ်ရုံးသို့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး ခန့်မှန်းရက် ရက် ၂၀ ဝန်းကျင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ၁၉နှစ်အောက် ဘော်လုံးအားကစားပြိုင်ပွဲကို မြို့နယ်အားကစားကော်မတီမှဦးဆောင်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။