Trending Now

မြစ်ကြီးနားဆေးရုံကြီးတွင် စိတ်ဝေဒနာသည် တစ်ဦး ဆေးကုသနေစဉ် ယနေ့နံနက် အစောပိုင်းက ပျောက်ဆုံးသွား

Spread the love

မြစ်ကြီးနားဆေးရုံကြီးတွင် စိတ်ဝေဒနာသည် တစ်ဦး ဆေးကုသနေစဉ် ယနေ့နံနက် အစောပိုင်းက ပျောက်ဆုံးသွား

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၆ (၂၀၂၃)

ဟိုပင်မြို့မှ လာရောက်၍ မြစ်ကြီးနားဆေရုံကြီးတွင် စိတ်ဝေဒနာသည် အမျိုးသားတစ်ဦး ဆေးကုသခံယူနေရင်း ယနေ့ နံနက်အစောပိုင်းအချိန်တွင် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။

ဟိုပင်မြို့နေသူ စိတ်ဝေဒနာသည် ဦးမင်းမင်းထွန်းသည် ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ဟိုပင်မှ မြစ်ကြီးနား ဆေးရုံကြီးတွင် ဆေးကုသရန်ရောက်ရှိနေပြီး ယနေ့နံနက်အစောပိုင်းအချိန်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆွေးမျိုးတော်စပ်သူ တစ်သူက ဆိုသည်။

“စိတ်ဝေဒနာသည် ဦးမင်းမင်းထွန်းက အရက်ဖြတ်ဖို့ ဆေးရုံကြီးကို မနေ့က ရောက်ခဲ့တာ ဆေးရုံတက်စာအုပ်တွေ၊ ဆေးထိုးပေးတာတွေ လုပ်ပေးပြီးပြီ ဒီကနေ့ နံနက် သုံးနာရီလောက်မှာ စိတ်ဖောက်ပြန်ပြီး ပျောက်သွားတာ ဖိနပ်လည်းမပါသွားဘူး ဘယ်ထွက်သွားမှန်းမသိ အခုထိ ပျောက်နေတာ ဟုတ်တယ်” ဟု ယင်းက ဆိုသည်။

အဆိုပါ စိတ်ဝေဒနာသည် မြစ်ကြီးနား ဆေးရုံကြီးတွင် တက်ရောက်‌ ဆေးကုသနေစဥ် ယနေ့ နံနက် ၃နာရီအချိန်ခန့်တွင် စိတ်ဖောက်ပြန်ကာ ဆေးရုံကြီးမှ ထွက်ပြေးပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် ဆေးရုံစောင့်ရန် ၎င်း၏ အမျိုးသမီးနှင့် သားဖြစ်သူတို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

“ပုံပါအမျိုးသား ဦးမင်းမင်းထွန်းသည် စိတ်ဝေဒနာသည် တစ်ဦးဖြစ်ပြီး မြစ်ကြီးနားဆေးရုံကြီးတွင် တက်ရောက်ကုသနေစဥ် ယနေ့ နံနက် ၃နာရီခန့်က စိတ်ဖောက်ပြန်ကာ မြစ်ကြီးနားဆေးရုံကြီးမှ ထွက်ပြေး ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအကူအညီတောင်းခံအပ်ပါသည်” ဟု ဆွေးမျိုးတော်စပ်သူများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ စိတ်ဝေဒနာသည် ပျောက်ဆုံးချိန်တွင် အင်င်္ကျီအပြာနုရောင် ဘောင်ဘီအတို ဝတ်စဥ်ထားပြီး ဖိနပ်မပါသွားကြောင်း သိရသည်။

ဆက်သွယ်ရန် 09442195750၊09793470848၊ 09795195165

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။