Trending Now

ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာ၌ တစ်လလျင် ၅ ရက်ခန့်သာ လျှပ်စစ်မီးပေးသောကြောင့် မီးသုံးစွဲသူများ အခက်တွေ့

Spread the love

ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာ၌ တစ်လလျင် ၅ ရက်ခန့်သာ လျှပ်စစ်မီးပေးသောကြောင့် မီးသုံးစွဲသူများ အခက်တွေ့

EPN
မြစ်ကြီးနား၊သြဂုတ် ၁၂

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ မန်ဝိန်းကျေးရွာ၌ နေ့စဉ်နီးပါး လျှပ်စစ်မီးဖြတ်တောက်ခံနေရပြီး မီတာခများ ကောက်ခံသည့် အချိန်နီးကပ်မှသာ လျှပ်စစ်မီး ပြန်လည်ရရှိလေ့ရှိကြောင်း မန်ဝိန်းကျေးရွာ ဒေသခံများထံမှ သိရသည်။

မန်ဝိန်းကျေးရွာမှ ဒေသခံများအနေဖြင့် လစဉ် ကျသင့်သည့် မီတာခများကို ရက်ကျော်လွန်ခြင်းမရှိဘဲ ပေးဆောင်နေသော်လည်း တစ်လလျှင် ၅ ရက်ခန့်သာ မီးပေးလေ့ရှိကြောင်း သိရသည်။

“မန်ဝိန်းလျှပ်စစ်ရုံးအဖွဲ့က လူလဲမရှိဘူး။ညသူတို့လည်ချင်ပြီဆို မီးကပိတ်ခဲ့တယ်။ မန်ဝိန်းမှာမီးဆွဲထားတာ အလကားပဲလေ။ မီးကမရဘူး။ လကုန်ခါနီးဆိုရင် တစ်ညနှစ်ည လွှတ်ပေးတယ်ပဲထင်တယ်။ လုံးဝအဆင်မပြေဘူး မီးကစောင့်တဲ့အဖွဲ့ကရှိမှမရှိတာ မီးလာတာကတစ်လမှာ ၅ ညလောက်ပဲရှိတယ်။ မီးကတော့ အဲ့ဒီကောက်ခါနီးမှပဲပေးတယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်မီးများမကြာခဏ ပြတ်တောက်နေသည့်အတွက် မန်ဝိန်းလျှပ်စစ် ရုံးသို့ ဆက်သွယ်မေးမြန်းရာ လျှပ်စစ်ရုံးတွင် အချိန်ပြည့် မနေထိုင်သည့် အတွက် အဆင်မပြေကြောင်း ယင်းကပြောသည်။

“လျှပ်စစ်ရုံးမှာစောင့်တဲ့ဝန်ထမ်းက အမြဲတမ်း မရှိဘူး။မီးရုံးမှာဂရုမစိုက်ဘူး။အပြင်သွားတဲ့အချိန်မှာ မီးပိတ်ထားခဲ့တယ်။ဝိုင်းမော်ကိုလည်း မီးပြတ်ရင်မတင်ပြပေးဘူးထင်တယ်။ ဝိုင်းမော်မီးရုံးကို မေးပြန်တော့လည်း မန်ဝိန်းမီးရုံးမှာပဲမေးကြည့်လို့ ပြန်ပြောတယ်ဘော်လီဘောပုတ်နေတယ် ဝိုင်းမော်နဲ့ မန်ဝိန်းကြားမှာ”ဟု ၎င်းက ထပ်မံပြောသည်။

အဆိုပါ မန်ဝိန်းကျးရွာတွင် ရပ်ကွက် သုံးရပ်ကွက်ပါဝင်ပြီး အိမ်ခြေ ၁၅၀ခန့်ရှိကာ လူဦးရေ ၆၀၀ဝန်းကျင်နေထိုင်ကြောင်း သိရသည်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။