Trending Now

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဓိကဖြစ်ရပ်များ ( အောက်တိုဘာ ၁၇-၂၀၂၃ )

Spread the love

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဓိကဖြစ်ရပ်များ ( အောက်တိုဘာ ၁၇-၂၀၂၃ )

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့မှာ အစ္စရေးနိုင်ငံကို သွားရောက်မှာဖြစ်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုကို သိသိသာသာပြသမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

ဟားမတ်စ်ကို အကျိုးမပြုတဲ့ ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့ အစ္စရေးနဲ့ အမေရိကန်တို့က သဘောတူညီခဲ့တယ်လို့ ဘလင်ကန်က ပြောပါတယ်။

အစ္စရေးစစ်တပ်ရဲ့ သောကြာနေ့က သတိပေးချက်ထွက်ပေါ်လာပြီးနောက် ဂါဇာမြို့တော် ဧရိယာမှာရှိတဲ့ လူပေါင်း ၆၀၀,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းသွားခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

လူပေါင်း ၆၀၀,၀၀၀ ဘေးလွတ်ရာ ရွှေ့ပြောင်းသွားခဲ့ကြပေမယ့် လူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ မထွက်ခွာဘဲ ကျန်ရှိနေတဲ့အတွက် မကြာခင်စစ်ဆင်ရေး စတင်တော့မှာဖြစ်တဲ့အတွက် အမြန်ဆုံးထွက်ခွာကြဖို့ သတိပေးထားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ ပြီးခဲ့တဲ့ညက အစ္စရေးရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၇၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၂၈၀၀ အထိမြင့်တက်လာတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးမှာလည်း ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ ၁၄၀၀ ကျော်အထိရှိလာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ အရပ်သား အလောင်း ၃၅၀ ကျော်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဟားမတ်စ်အဖွဲ့က ဓာစာခံ ၁၉၉ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဟားမတ်စ်က အစ္စရေးအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ပေးမယ်ဆိုပါက ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွတ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုခံနေရတဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ ရေ နဲ့ လောင်စာတွေ ၂၄ နာရီအတွင်း ပြတ်လပ်တော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်းရာဖာမြို့ဖြတ်ကျော် အီဂျစ်ဘက်ခြမ်းကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဝင်ရောက်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

အစ္စရေးက မကြာခင် မြေပြင်ထိုးစစ်ဆင်မှုကို အပြည့်အဝ စတင်ဖို့တွက် ဂါဇာနယ်နမိတ် စည်းရိုးတစ်လျှောက်မှာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ၊ တင်ကားတွေနဲ့ လက်နက်တွေကို ဖြန့်ကျက်ချထားသလို အစ္စရေးဝန်ကြီးချုပ် တန်နေရာဟုကလည်း “ဟားမတ်စစ်အဖွဲ့ရဲ့ စစ်ရေးစွမ်းရည်တွေ မပျက်စီးမခြင်း အစ္စရေးက ရပ်တန့်မှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်ရန် အစ္စရေးက ပြင်ဆင်နေချိန်မှာပဲ အီရန်က စစ်ပွဲဒီထက်ပိုဆိုးလာမယ်ဆိုပါက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ အစ္စရေးနဲ့ အမေရိကန်ကို သတိပေးထားပါတယ်။

လက်ဘနွန် ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တနင်္လနေ့က တိုက်ခိုက်မှုကို တုံ့ပြန်တဲ့နေနဲ့
ဟစ်ဇဘိုလာ ရဲ့ အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလေတပ်က ပြောပါတယ်။

ref; aljazeera/ theguardian
video – အစ္စရေးလေတပ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။