Trending Now

အလုပ်အကိုင်တွေ နည်းပညာနဲ့ အစားထိုးလာမှာကို အခြေခံအလုပ်သမားအများစု စိုးရိမ်နေ

Spread the love

အလုပ်အကိုင်တွေ နည်းပညာနဲ့ အစားထိုးလာမှာကို အခြေခံအလုပ်သမားအများစု စိုးရိမ်နေ

EPN
နိုင်ငံတကာ၊ ဇွန် ၁၃

ကမ္ဘာတစ်ဝန်းက အခြေခံအလုပ်သမား ၁၀ ယောက်မှာ ၇ ယောက်က သူတို့ရဲ့ အလုပ်တွေ နည်းပညာနဲ့ အစားထိုးမှာကို စိုးရိမ်နေကြတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမယ့် လုပ်ငန်းရှင်အများစုကတော့ သူတို့ရဲ့ လုပ်ငန်း အနာဂတ်မှာ အောင်မြင်ဖို့အတွက် နည်းပညာကို အသုံးချဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

စစ်တမ်းကောက်ယူချက်အရ မလေးရှားနဲ့ စင်ကာပူနိုင်ငံသား ၇၆ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အလုပ်အကိုင်တွေကို နည်းပညာနဲ့ အစားထိုးမှာ စိုးရိမ်နေကြတယ်လို့ Employment Hero ရဲ့ လေ့လာမှုက ဖော်ပြပါတယ်။

ပရော်ဖက်ရှင်နယ် စက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ လုပ်သား ၃၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ၁၀ ဦး မှာ ၈ ဦးက နည်းပညာကို အသုံးပြုဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိအချိန်မှာလည်း စတင်အသုံးပြုနေကြပြီလို့ ဆိုပါတယ်။

စက်ရုံလုပ်သား၊ငွေစာရင်းကိုင်၊ အရောင်းပိုင်းနဲ့ ဖောက်သည်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ လတ်တလော နည်းပညာနဲ့ အစားထိုးခံရနိုင်တဲ့အခြေနေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Ref; asianbusinessreview

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။