Trending Now

ပုသိမ်မြို့နယ်တွင်ပြင်ပဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးအပါအဝင် လူ ၂၀ ဦးဖမ်းဆီးခံရ

Spread the love

ပုသိမ်မြို့နယ်တွင်ပြင်ပဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးအပါအဝင် လူ ၂၀ ဦးဖမ်းဆီးခံရ

EPN
အောက်တိုဘာ၊ ၁၉

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် PDF များနှင့် ပတ်သက်မှုရှိသည်ဟု ဆိုကာ ပြင်ပဆေးခန်းတစ်ခုမှ ဆရာဝန်ဆိုသူ အပါအဝင် ဒေသခံလူငယ် ၁၆ ဦးကို ယမန့်နေ့က သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဖမ်းခံရသူများသည် ပုသိမ်မြို့ပေါ်တွင် ပြင်ပဆေးခန်း ဖွင့်ထားသည့် အသက် ၃၀ ကျော်ရွယ်ဆရာဝန် အမျိုးသား တစ်ဦးအပါအဝင်စုစုပေါင်း ၁၆ ဦးဖြစ်ပြီး ၎င်းတို့ကို PDF များနှင့်ပတ်သက် မှုရှိ ၊ မရှိ စစ်ဆေးရန်အတွက်လာရောက် ဖမ်းဆီးခြင်းဖြစ်သည် ဟုဆိုကာဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

”စစ်ဆေးဖို့ရှိလို့ ဆိုပြီး ဖမ်းသွားတာ ၊ မနေ့က တနေ့ထဲ အဖမ်းခံရတာ လူငယ် ၁၆ ယောက် ၊ အဖမ်းခံရတဲ့သူတွေ ကို PDF နဲ့ ဆက်သွယ် ပတ်သက်တာရှိတယ်ဆိုပြီး ဖမ်း
တာ ၊ ဘယ်ကို ဖမ်းသွားတယ်ဆိုတာတော့ မပြောသွားဘူး ၊ကိုယ်လည်း မမေးရဲဘူး ၊ ဒီကနေ့ အထိလည်း ဆက်သွယ် မရဘူး ၊”ဟု အဖမ်းခံရသူများကို ကူညီပေးနေသူတစ်ဦး ကပြောသည်။

အဖမ်းခံရသည့် သူများထဲတွင် အမျိုးသမီး ၂ ဦးနှင့် ကျန် သူများသည် အမျိုးသားများဖြစ်ပြီး လူငယ်ပိုင်းနှင့် လူလတ်ပိုင်း အရွယ်များဖြစ်ပြီး အဖမ်းခံရသူများသည်
နိုင်ငံရေးအကြောင်းနားလည်သည်သူများ မဟုတ်သလို PDF များနှင့်လည်း ဆက်သွယ်မှုမရှိကြောင်း သိရသည်။

”ထစ်ခနဲ့ဆို ဖမ်းနေတာစိတ်ညစ်တယ် ၊ အခုလည်း သမီး မိန်းကလေး အဖမ်းခံရတော့ စိတ်ပူတယ် ၊ ကလေးတွေပဲ များတယ် အဖမ်းခံရတဲ့ အထဲမှာလေ ၊ အဖမ်းခံရတဲ့ ကလေးတွေက နိုင်ငံရေးတွေကို ကိုနားမလည် တဲ့အရွယ်တွေပါ ၊ ကလေးတွေ အကြမ်းစား ရိုက်နက်စစ် ဆေးမှာ စိုးရိမ်တယ်။”ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကလည်း ကမ်းနားလမ်းတွင်းရှိသည့် MYTEL ရုံးဗုံးခွဲ
တိုက်ခိုက်ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့ပေါ် ရပ်ကွက်များမှ ဒေသခံ ၇ ဦးကိုဖမ်းဆီးခဲ့ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။