Trending Now

လစ်ဗျား၌ စစ်ဘက်အခြေစိုက်စခန်းနှစ်ခုတည်ဆောက်ရန် တူရကီ စီစဉ်

Spread the love

လစ်ဗျား၌ စစ်ဘက်အခြေစိုက်စခန်းနှစ်ခုတည်ဆောက်ရန် တူရကီ စီစဉ်

EPN
နိုင်ငံတကာ၊ ဇွန် ၁၃

ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အမျိုးသား သဘောတူညီချက်အစိုးရ (GNA) အ တွက် ဆက်လက်ပံ့ပိုးမှု တစ်စိတ်တစ်ဒေသအဖြစ် တူရကီနိုင်ငံက လစ်ဗျားနိုင်ငံ၌ အမြဲတမ်း စစ်ဘက်အခြေစိုက်စ ခန်းနှစ်ခု တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း တူရကီသတင်းစာ ယာနီဆာဖတ်ခ်က စစ်ဘက်သတင်းရင်းမြစ် များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ တိုက်ခိုက်ရေးသုံးဒရုန်း များ တပ်ချထားရန် မကြာသေးမီက ပြန်လည်သိမ်းပိုက်ခဲ့သည့် အယ်လ်ဝါတီယာ လေတပ်အခြေစိုက်စခန်းကို တူ ရကီတပ်မတော်အား အသုံးပြုခွင့်ပေးရန် လစ်ဗျား အမျိုးသား သဘောတူညီချက်အစိုးရ (GNA) က စဉ်းစားနေ သည်ဟု သိရသည်။

အမျိုးသား သဘောတူညီချက်အစိုးရ (GNA) တပ်ဖွဲ့များက အဆိုပါလေတပ်အခြေစိုက်စခန်းကို မေလ ၁၈ ရက်တွင် ပြိုင်ဘက် လစ်ဗျားအမျိုးသားတပ်မတော် (LNA) ထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည်။ ဒုတိယအခြေ စိုက်စခန်းကို တူရကီစစ်ရေယာဉ်များအတွက် မစ်ရာတာဆိပ်ကမ်းမြို့၌ တည်ဆောက်မည်ဟု ဆိုသည်။

တူရကီနိုင်ငံက လစ်ဗျားနိုင်ငံ၊ အထူးသီးသန့်စီးပွားရေးဇုန်တွင် အခြေစိုက်သော ကမ်းလွန်ရေနံကုမ္ပဏီ များအတွက် ပူးတွဲပိုင်ရှင်နိုင်ငံတစ်ခု ဖြစ်လာဖွယ်ရှိရာ ရေနံတူးဖော်ရေးလုပ်ငန်းများကို စောင့်ကြည့်ရန် တူရကီ စစ်သင်္ဘောများကို လိုအပ်လာမည်ဟု အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။

ဂရိနိုင်ငံနှင့် တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းက ဒေသတွင်း၌ စစ်သင်္ဘောများဖြန့်ကြက်ရန် လို အပ်မည်ဟု တူရကီနိုင်ငံက ယုံကြည်သည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် အကူအညီပေးရန် မေတ္တာရပ်ခံချက်တစ်ခု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း တူရကီနိုင်ငံကအမျိုးသား သဘောတူညီချက်အစိုးရ (GNA) သို့ စစ်ရေးအကူအညီ ပေးခဲ့ သည်။

အမျိုးသား သဘောတူညီချက်အစိုးရ (GNA) တပ်ဖွဲ့များက ထရီပိုလီမြို့တော် ဆင်ခြေဖုံးဒေသ တန်ပြန် ထိုးစစ်ဆင်မှုတစ်ခုအတွင်း သိသာသော အောင်မြင်မှုများရရှိခဲ့ပြီး မကြာသေးမီ သီတင်းပတ်များအတွင်း လစ်ဗျား အမျိုးသားတပ်မတော် (LNA) ထံမှ ပိုင်နက်နယ်မြေများ ပြန်လည်သိမ်းပိုက်ခဲ့သည်။

လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်မှုများ အရှိန်ပြင်းထန်လာပြီး တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါဖြစ်ပွားမှု ဆိုးရွားလာပြီးနောက် အမျိုးသား သဘောတူညီချက်အစိုးရ (GNA) နှင့် လစ်ဗျား အမျိုးသား တပ်မတော် (LNA) မှ ကိုယ်စားလှယ်ငါးဦးစီ တက်ရောက်ရသော ဗွီဒီယိုကွန်ဖရင့် ကျင်းပခဲ့သည်။

ထို့အပြင် လစ်ဗျားနိုင်ငံ၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိစေရန်ရည်ရွယ် သည့် ကုလသမဂ္ဂဦးဆောင်သော ဆွေးနွေးမှုများ ယခုသီတင်းပတ်အတွင်း ပြန်လည်စတင်ခဲ့သည်။

–ကိုးကား–စပွက်ညစ်
Ref; Turkey Planning to Establish 2 Permanent Military Bases in Libya – Reports


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။