Trending Now

ပြည်နယ်အစိုးရ ရုံးအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ကျသည့် ဘူးဂါးလျှစ် ဝန်ထမ်းတချို့ကို သက်ဆိုင်က ခေါ်ယူစစ်ဆေး

Spread the love

ပြည်နယ်အစိုးရ ရုံးအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ကျသည့် ဘူးဂါးလျှစ် ဝန်ထမ်းတချို့ကို သက်ဆိုင်က ခေါ်ယူစစ်ဆေ

EPN
မြစ်ကြီးနား ၊ အောက်တိုဘာ ၃၁

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အစိုးရ ရုံးတွင် ဗုံးပေါက်ကွဲခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဘူးဂါးလျှပ်စစ် တာဝန်ကျ ဝန်ထမ်း ငါးဦးအား သက်ဆိုင်ရာ အဖွဲ့အစည်းများက ခေါ်ယူ စစ်‌ဆေးမူများ ပြုလုပ်ခဲ့ကြောင်း ‌မြစ်ကြီးနား မြို့ခံတစ်ထံမှ သိရသည်။

ပြည်နယ်အစိုးရရုံးပေါက်ကွဲမှုအတွင်း လာရောက်ဖောက်ခွဲသူမှာ ဘူးဂါးလျှပ်ဝန်ထမ်း အင်္ကျီဝတ်ဆင်ကာ ဝန်ထမ်းအယောင်ဆောင်၍ လာရောက်ခဲ့သည့်အတွက် ပြည်နယ်အစိုးရရုံးအတွင်း တာဝန်ကျသည့် ဝန်းထမ်းအချို့စစ်ဆေးခံနေခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရ ရုံးထဲမှာ ရှိတဲ့ လျှပ်မီးနဲ့ ပတ်သက်တဲ့ အပိုင်းကို တာဝန်ယူတဲ့ အဖွဲ့ရှိတယ် အလှည့်ကျနဲ့ပေါ့ ငါးရက်ကို တစ်ခါ ချိန်းတယ် ငါးယောက် တစ်ဖွဲ့တာဝန်ယူကြတယ် ဗုံးလာဖောက်တဲ့သူက လျှပ်စစ်ယူနီဖောင်း ဝတ်လာတာဖြစ်တဲ့အတွက် တာဝန်ကျတဲ့သူတွေ ခေါ်ယူစစ်ဆေးခံရတာဖြစ်တယ်”ဟု သက်ဆိုင်ရာနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ပြည်နယ်အစိုးရရုံးအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် လာရောက်ဖောက်ခွဲသူမှာ နေရာတွင် သေဆုံးခဲ့ပြီး အဆောက်အအုံးတချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပုံမှန် အတိုင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက် ညပိုင်းကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘက်ထောက်လှမ်းရေးရုံး (စရဖ) ရုံးကို PDF အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

မြတ်မင်း
May be an image of 1 person and text that says '15:00 표 金 10.00 0 2022-10-3015445219:00 2022-10-301844.52 19:00 0-3 30 AI <A 19:30 1x 20:00'

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။