Trending Now

ဆိုင္ကယ္အရွိန္ ျပင္းစြာေမာင္းသူလူငယ္တစ္ဦး ဆိုင္ကယ္တိမ္းေမွာက္၍ ေသဆုံး

Spread the love

ဆိုင္ကယ္အရွိန္ ျပင္းစြာေမာင္းသူလူငယ္တစ္ဦး ဆိုင္ကယ္တိမ္းေမွာက္၍ ေသဆုံး

EPN
ဗန္းေမာ္၊ ေဖေဖၚဝါရီ ၂၁

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕နယ္ သိန္လင္ေက်းရြာေန လူငယ္တစ္ဦးသည္ ဆိုင္ကယ္ အရွိန္ျပင္း စြာ စီးနင္းေမာင္းႏွင္ရာမွ ဆိုင္ကယ္တိမ္းေမွာက္၍ ဒဏ္ရာမ်ားရရွိျပီး အခင္းျဖစ္ ေနရာတြင္ပင္ ေသဆုံးခ့ဲ

ေၾကာင္း ဗန္းေမာ္ခရိုင္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ျဖစ္စဥ္မွာ ဒုရဲအုပ္ေဇာ္ေအာင္သည္ ေဖေဖၚဝါရီ ၂၁ ရက္ေန ့ နံနက္ ၇ နာရီ က ဗန္းေမာ္ျမိဳ ့ အမွတ္ (၁၀၀) ယာဥ္ထိမ္း ရဲတပ္ဖဲြ႔စုရံုး၌ တာဝန္ထမ္းေဆာင္ေနစဥ္ ဗန္းေမာ္ျမိဳ ့နယ္ ခိုက်င္ေက်း ရြာလမ္းမႀကီးေပၚတြင္ လူငယ္တစ္ဦး ဆိုင္ကယ္တိမ္းေမွာက္ေသဆုံး ေနေၾကာင္းသတင္းရသျဖင့္ ယာဥ္ထိမ္းရဲတပ္ဖဲြ႔ဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရွဳ စစ္ေဆးခ့ဲၾကရာ လမ္းမေပၚတြင္ ေျမာက္မွေတာင္သို ့ ေဝယံလင္းတစ္ဦးတည္းစီးနင္းေမာင္းႏွင္လာေသာ ရင္ဇင္းဆိုင္ကယ္125 သည္ ခိုက်င္ေက်းရြာအိမ္အမွတ္ (၆၀)ႏွင့္ အိမ္အမွတ္ (၆၁ )အၾကား ေရွ႕တိမ္းေမွာက္ခ့ဲ သျဖင့္ ေဝယံလင္းသည္ နဖူးညိဳမဲ ဒဏ္ရာ၊ လည္ပင္းႏွင့္ ခ်ိဳင္းေအာက္တြင္ ဒဏ္ရာမ်ား ရရွိခ့ဲျပီး အခင္းျဖစ္ ေနရာတြင္ ေသ ဆုံးေျကာင္းေတြ ့ရွိခဲ့သည္ဟု သိရသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီ ေသဆုံးသူ ေဝယံလင္း (၂၄) ႏွစ္ ။(ဘ ) ဦးေက်ာ္ျငိမ္း ကုိ ေဆးစာျဖင့္ခရိူင္ ျပည္သူ ့ေဆးရံုႀကီးသို ့ေပးပို႔ခဲ့၍ ျဖစ္စဥ္ကုိ ဗန္းေမာ္ ျမိဳ ့မရဲစခန္းက ယာဥ္(ပ ) ၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ (က) အရ အမႈ ဖြင့္ ၍ ဒုရဲအုပ္ စိုးထြန္း နိုင္ က ရဲလူပ္ထုံး လုပ္နည္းႏွင့္အညီ စစ္ေဆးအေရးယူ ေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္
————————–————————–———–
ဆိုင်ကယ်အရှိန် ပြင်းစွာမောင်းသူလူငယ်တစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ သေဆုံး

EPN
ဗန်းမော်၊ ဖေဖေါ်ဝါရီ ၂၁

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သိန်လင်ကျေးရွာနေ လူငယ်တစ်ဦးသည် ဆိုင်ကယ် အရှိန်ပြင်း စွာ စီးနင်းမောင်းနှင်ရာမှ ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိပြီး အခင်းဖြစ် နေရာတွင်ပင် သေဆုံးခဲ့ ကြောင်း ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒုရဲအုပ်ဇော်အောင်သည် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နံနက် ၇ နာရီ က ဗန်းမော်မြို့ အမှတ် (၁၀၀) ယာဉ်ထိမ်း ရဲတပ်ဖွဲ့စုရုံး၌ တာဝန်ထမ်းဆောင်နေစဉ် ဗန်းမော်မြို့နယ် ခိုကျင်ကျေး ရွာလမ်းမကြီးပေါ်တွင် လူငယ်တစ်ဦး ဆိုင်ကယ်တိမ်းမှောက်သေဆုံး နေကြောင်းသတင်းရသဖြင့် ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြရာ လမ်းမပေါ်တွင် မြောက်မှတောင်သို့ ဝေယံလင်းတစ်ဦးတည်းစီးနင်းမောင်းနှင်လာသော ရင်ဇင်းဆိုင်ကယ်125 သည် ခိုကျင်ကျေးရွာအိမ်အမှတ် (၆၀)နှင့် အိမ်အမှတ် (၆၁ )အကြား ရှေ့တိမ်းမှောက်ခဲ့ သဖြင့် ဝေယံလင်းသည် နဖူးညိုမဲ ဒဏ်ရာ၊ လည်ပင်းနှင့် ချိုင်းအောက်တွင် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင် သေ ဆုံးကြောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီ သေဆုံးသူ ဝေယံလင်း (၂၄) နှစ် ။(ဘ ) ဦးကျော်ငြိမ်း ကို ဆေးစာဖြင့်ခရိူင် ပြည်သူ့ဆေးရုံကြီးသို့ပေးပို့ခဲ့၍ ဖြစ်စဉ်ကို ဗန်းမော် မြို့မရဲစခန်းက ယာဉ်(ပ ) ၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) အရ အမှု ဖွင့် ၍ ဒုရဲအုပ် စိုးထွန်း နိုင် က ရဲလူပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။