Trending Now

ပါကစ္စတန်နိုင်ငံ ဗလီပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၆ ဦးသေဆုံးကာ ၂၀၀ နီးပါး ဒဏ်ရာရရှိ

Spread the love

ပါကစ္စတန်နိုင်ငံ ဗလီပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၆ ဦးသေဆုံးကာ ၂၀၀ နီးပါး ဒဏ်ရာရရှိ

EPN
နိုင်ငံတကာ၊ မတ် ၅

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ခိုင်ဘာ ပတ်ထ်ကွာ ပြည်နယ် ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုတွင် ယမနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၅၆ ဦးထက်မနည်းသေဆုံးကာ လူ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအားလုံးကို ရွှေ့ပြောင်းခဲ့သည့် ပက်ရှ်ဝါမြို့ရှိ Lady Reading ဆေးရုံ ပြောရေးဆိုခွင့်ရှိ သူ မိုဟာမက် အာဆင် က ဒဏ်ရာရရှိသူ ၁၉၅ ဦးကျော်ရှိကြောင်းနှင့် သေဆုံးသူအရေအတွက်ကို ဆင်ဟွာ သတင်းဌာန သို့ အတည်ပြုပြောကြားခဲ့သည်။

ဒဏ်ရာရသူများအနက် အတော်များများမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေပြီး ဒဏ်ရာရရှိသူများအား ဆေးရုံတွင် ဆေးဝါးများနှင့် သွေး အခြေခံအရေးပေါ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း အာဆင်က ပြောဆိုခဲ့သည်။

အကြမ်းဖက်သမား နှစ်ဦးက ဗလီအတွင်းဝင်ရောက်ရန် ကြိုးစားခဲ့ကြပြီး ယင်းနေရာ၌ တာဝန်ထမ်းဆောင်နေ သော ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ကြောင်း ပက်ရှ်ဝါမြို့ အဆင့်မြင့်ရဲမှူး ဟာရွန်ရာရှီ ကပြောကြားခဲ့သည်။

ပေါက်ကွဲမှု မဖြစ်ပွားမီက ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြားသူတစ်ဦးလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုပြီးနောက် ယင်းပေါက်ကွဲမှုမှာ အရပ်သားများအား ပစ်မှတ်ထားသော အသေခံဗုံးခွဲမှု တစ်ခုဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးက အဆိုပါဗုံးခွဲ တိုက်ခိုက်မှုအား ရှုတ်ချကြောင်းပြောဆိုခဲ့သည်။

ပြည်ပအဖွဲ့အစည်းများက ပါကစ္စတန်နိုင်ငံတွင် ငြိမ်းချမ်းရေး ပျက်ပြားစေရန် ကြိုတင်စီစဉ်ထားသည့် တိုက်ခိုက်ခိုက်မှုအဖြစ် ၎င်းက အမည်တပ်ခဲ့ သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် နှစ်ထပ်ရှိသော ဗလီအဆောက်အအုံ၌ ဝတ်ပြုသူအမြောက်အများရှိနေခဲ့ကြောင်း မျက်မြင်သက်ဖြစ်သူ ခမ်းက ပြောဆိုခဲ့သည်။

“ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဲဒီနေရာမှာ လူသေအလောင်းတွေပြန့်ကျဲနေပြီး လူတွေကလည်း အကူအညီရဖို့ ငိုယိုနေကြတာပေါ့။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှထဲမှာတော့ အကြီးမားဆုံးပေါက်ကွဲမှုပဲ” ဟု ခမ်းက ဆို သည်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။