Trending Now

မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်းခုနှစ်ထောင် နီးပါး တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်းခုနှစ်ထောင် နီးပါး တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
တာချီလိတ်၊ စက်တင်ဘာ ၁၅ (၂၀၂၃)

တာချီလိတ်မြို့တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်းခုနှစ်ထောင်နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ နေ့လညယ် ၂နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယဉ်များအား စစ်ဆေးရှာဖွေ စဉ်ခင်မောင်သိန်း မောင်းနှင်ပြီး မအီနွန်း၊ အိုက်တစ် နှင့် အိုက်လွတ် တို့ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၅.၅၄ ကီလို (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၆၀၉၄သိန်း)၊ အက်တက်စီဆေးပြား ၂၀၀၀ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၈၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ခင်မောင်သိန်း (၅၂)နှစ်၊ မအီနွန်း (၃၂)နှစ်၊ အိုက်တစ်(၂၈)နှစ် နှင့် အိုက်လွတ် (၂၄)နှစ် တို့အား ဟောင်လိတ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။