Trending Now

ဇရပ်ဖြူရွာအနီး အိမ်စီးကားတစ်စီး မိုင်းထိမိပြီး လေးဦး သေဆုံး၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာရ

Spread the love

ဇရပ်ဖြူရွာအနီး အိမ်စီးကားတစ်စီး မိုင်းထိမိပြီး လေးဦး သေဆုံး၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာရ

EPN
လွိုင်ကော်၊ ဖေဖော်ဝါရီ ၆

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဇရပ်ဖြူရွာအနီး ယနေ့ နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီးမိုင်းထိမိပြီး ၄ ဦးသေဆုံးကာ၊ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်စီး Air Wax အဖြူ မော်တော်ကားသည် ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ဇရပ်ဖြူရွာအကျော်လမ်းတွင် မိုင်းနင်းမိသဖြင့် ယင်းနေရာသို့ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“အိမ်စီးကားမိုင်းပေါက်ကွဲတာ အမျိုးသား ၆ ယောက်မှာ ၄ ယောက်သေတယ်၊ ၂ ယောက်လည်း သိပ်အခြေနေမကောင်းဘူး။ စိုးရိမ်တာက အဲ့ဒီနားမှာ လက်ကျန်မိုင်းတွေရှိနေမှာလည်း စိုးရိမ်ရတယ်” လို့သွားရောက် ကူညီသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သေဆုံးသူများမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်နှင့် ကိုစိန်မင်းတို့ ဖြစ်ကြောင်း သိရပြီး သေဆုံးသည့် ကျန်အမျိုးသားအား မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပေ။

ဒဏ်ရာရရှိသည့် အမျိုးသားများနှင့် ပြန့်ကျဲပြီး တစ်ပိုင်းတစ်စဖြစ်နေသည့် ရုပ်အလောင်းများကို လွိုင်ကော်ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

Photo Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။