Trending Now

နမ္မတီးမြို့ လမ်းဂွ‌ကျေးရွာလမ်းဆုံ၌ မှုခင်းကျဆင်းရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ အတွက် အသိပညာပေး လုပ်ငန်းပူး‌ပေါင်းဆောင်ရွက်

Spread the love

နမ္မတီးမြို့ လမ်းဂွ‌ကျေးရွာလမ်းဆုံ၌ မှုခင်းကျဆင်းရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ အတွက် အသိပညာပေး လုပ်ငန်းပူး‌ပေါင်းဆောင်ရွက်

EPN
မိုးကောင်း၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းကို ဇွန်လ ၂၄ ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်း အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်(၈)နာရီမှ စတင်၍နမ္မတီးမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်၊ နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်‌အောင်ကိုဝင်း၊ နမ္မတီးမီးသတ်လက်‌ထောက်ဦးစီးမှူး ယန်မီဒီးဇီ ဦးစီးတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မိုးကောင်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ခိုင်ထွန်း ဦးစီး တပ်ဖွဲ့ဝင်များမှ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ္မတီးမြို့လမ်းဂွကျေးရွာ လမ်းဆုံတွင် ဆောင်ရွက်ရာ နယ်‌မြေရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲစခန်း၊ ရဲကင်းများသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များ ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှ ၂၀၂၀ပြည့်နှစ် မေလ ၂၆ရက်နေ့က အသစ်ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနှင့် ပတ်သက်၍ တားမြစ်ကန့်သတ်ချက်များ၊ ပြဌာန်းထားသည့် ဥပဒေပုဒ်မများ၊ ပြစ်ဒဏ်များ ပါဝင်ဝင်သည့် လက်ကမ်းစာဆောင်များကို လည်းကောင်း ဖြန့်ဝေပေးခဲ့သည်။

“ပူးပေါင်းအဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေးနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအပြင် ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး အပူချိန်တိုင်းခြင်းနဲ့ လက်ကမ်းစာစောင်တွေကိုလည်းဝေငှခဲ့ပါတယ်” ယာဉ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ခိုင်ထွန်းမှ ဆိုသည်။

အဆိုပါလုပ်ငန်းစဉ်ကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် မီးပွိုင့်လမ်းဆုံနှင့် (၈)မိုင်လမ်းဆုံတို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။