Trending Now

ဆင်ဘိုမြို့၊ ဒက္ခိဏာရာမ ကျောင်းတိုက်၏ အဓိပတိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇယ ၏ အန္တိမအဂ္ဂိဈာပနာကို သီတင်းကျွတ်လဆုတ် (၁၂)နေ့တွင် ကျင်းပမည်

Spread the love

ဆင်ဘိုမြို့၊ ဒက္ခိဏာရာမ ကျောင်းတိုက်၏ အဓိပတိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇယ ၏ အန္တိမအဂ္ဂိဈာပနာကို သီတင်းကျွတ်လဆုတ် (၁၂)နေ့တွင် ကျင်းပမည်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၈

ဘဝနတ်နန်း စံမြန်းသွားပြီ ဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့၊ ဒက္ခိဏာရာမ ကျောင်းတိုက်၏ အဓိပတိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇယ ၏ အန္တိမအဂ္ဂိဈာပနာကို သီတင်းကျွတ် လဆုတ် (၁၂)နေ့တွင် ကျင်းပသွားမည်ဟု တပည့်သံဃာတော်များထံက သိရသည်။

ဆင်ဘိုမြို့၊ ဒက္ခိဏာရာမ ဘုန်းတော်ကြီးကျောင်းတိုက်၏ အဓိပတိ၊ သက်တော်ရှည် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဇယ သက်တော် (၉၁) နှစ် ဝါတော် (၇၁) ဝါ သည် အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ဘဝနတ်နန်း စံမြန်းတော်မူခဲ့ခြင်း ဖြစ်သည်။

သက်တော်ရှည် ဆရာတော်ဘုရားကြီး သည် ခမည်းတော်ဦးဖိုးမင်း မယ်တော်ဒေါ်မယ်ရိပ် ဒုတိယမြောက် သားလှရတနာ ဖြစ်တော်မူပြီး ဇာတိမြေမှာ ဆင်ဘိုမြေ၏ အရှေ့ဘက်ကမ်း ဝဲကြီးကျေးရွာ ဖြစ်ကာ ၁၂၉၃ တန်ဆောင်မုန်းလကွယ် ဗုဒ္ဓဟူးနေ့၌ မွေးဖွားသန့်စင် ဂုဏ်တင့်စေခဲ့သည်။

(၁၃၀၅) ခုနှစ်တွင် ဦးဘသန်း၊ ဒေါ်စောထံပါး ပစ္စယာနုဂ္ဂဟခံယူ၍ သာမဏေဖြစ်လာပြီး ဆင်ဘိုမြို့ ဂိုဏ်းအုပ်ဆရာ ဘဒ္ဒန္တကေဝလ၏ တပည့်ကျော်ကာ ထင်ပေါ်ဂုဏ်ရှိန် ရှင်ဝိဇယခေါ် ထွန်းလင်းခဲ့ခြင်း ဖြစ်ကာ ခမည်းတော် မယ်တော် ရဟန်းဒကာ ဒက္ခိဏာရာမကျောင်းတွင်း သိမ်မဟာ ဘဒ္ဒန္တကေဝလ ထေရ်ဆရာထံမှ သာသနာ့ဇာနည် ထွန်းတောက်မူပြီး (၁၃၈၄) – ခုနှစ် သီတင်းကျွတ် လဆုတ်(၄)ရက်နေ့တွင် ဆင်ဘိုမြို့မ ကျောင်းတိုက်တွင် သာသနာပြုကာ ခန္ဓာဝန်ချခဲ့ခြင်း ဖြစ်သည်။

သက်တော် (၉၁) နှစ် ဝါတော် (၇၁) ဝါရ ဆင်ဘို ဒက္ခိဏာရာမ ကျောင်းတိုက်၏ အဓိပတိ ဆရာတော် ဘဒ္ဒန္တဝိဇယ မဟာထေရ်မြတ်၏ ကြွင်းကျန်ရစ်သော ဥဇုရုပ်ကလာပ်တော်ကို (၂၁.၁၀.၂၀၂၂) (သီတင်းကျွတ် လဆုတ် ၁၂ရက်) နေ့တွင် မီးသင်္ဂြိုဟ် ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်မင်း
May be an image of flower

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။