Trending Now

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မှ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သားများနှင့် အောက်ခြေအဆင့်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

Spread the love

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မှ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သားများနှင့် အောက်ခြေအဆင့်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

EPN
မြစ်ကြီးနား ၊ မေလ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ၃ နာရီခွဲခန့်က ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သားများနှင့် အောက်ခြေအဆင့် ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် တစ်ဦးလျှင် ဆန် ၄ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ထုတ်၊ ကုလားပဲ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံး စုစုပေါင်း အခြေခံစားသောက်ကုန် ၅ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၂ သောင်းကျော် ကို မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေအဖွဲ့ရုံးခန်းမဆောင်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

” ယနေ့အခမ်းအနားလေးကို နှစ်စဥ်ကျင်းပလျှက် ရှိပါတယ်။ အဓိက ရည်ရွယ်တာကတော့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှာရှိတဲ့ သန့်ရှင်းရေးလုပ်သားများနှင့် အောက်ခြေအဆင့်ဝန်ထမ်းများ စားဝတ်နေရေးပြေလည်စေဖို့ရည်ရွယ်ပါတယ် ” ဟု ယင်းအခမ်းအနား အဖွင့်မိန့်ခွန်းတွင် သံယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် သန့်ရှင်းရေးလုပ်သား (၁၂၄) ဦး၊ စိမ်းလန်းစိုပြေရေးလုပ်သား( ၃၇ ) ဦး၊ မြို့ပြရေပေးရေးလုပ်သား ( ၁၈ ) ဦး၊ ဈေးသန့်ရှင်းရေး/ညစောင့်လုပ်သား ( ၂၁ ) ဦးစုစုပေါင်း (၂၀၀)ဦး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။