Trending Now

မိုးညှင်းဒီဂရီကောလိပ်ကျောင်းသို့တာဝန်ထမ်းဆောင်ရန် နယ်မှပြန်လာကြမည့်ဝန်ထမ်းများအား မြို့နယ် Covid-19 အဖွဲ့၏လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်မည်

Spread the love

မိုးညှင်းဒီဂရီကောလိပ်ကျောင်းသို့တာဝန်ထမ်းဆောင်ရန် နယ်မှပြန်လာကြမည့်ဝန်ထမ်းများအား မြို့နယ် Covid-19 အဖွဲ့၏လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်မည်

EPN
မိုးညှင်း၊ မေ ၁၄

ကချင်ပြည်နယ် မိုးညှင်းဒီဂရီကောလိပ်ကျောင်းသို့ တာဝန်ထမ်းဆောင်ရန် မေလ(၁၄)ရက်နေ့နှင့် နောက်ပိုင်းပြန်လာကြမည့် ပညာရေးဝန်ထမ်းများအနေဖြင့် မြို့နယ် Covid-19 အဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Quainantine ဝင်ရောက်ရန် လို/မလိုကို မိုးညှင်းမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မ
တီ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟု ခေတ္တကျောင်းအုပ်ကြီး ဒေါ်ထွေးထွေးယဉ်က ပြောသည်။

“မိုးညှင်းဒီဂရီကောလိပ်ကျောင်းက ဝန်ထမ်းတွေအနေနဲ့သတ်မှတ်ရက်အတိုင်း တာဝန်ထမ်းဆောင်ဖို့ မေလ (၁၅)ရက်နေ့အရောက် ပြန်လာရမှာပါ။ ဒါပေမဲ့ပညာရေးဝန်ကြီးဋ္ဌာနက ညွှန်ကြားချက်မထုတ်ပြန်သေးတော့ ဆရာဆရာမတွေအနေနဲ့ ပြန်လာမယ်မလာဘူးဆိုတာ ပြောလို့မရသေးပါဘူး။ ပြန်လာရင်လဲ Quainantine ဝင်ဖို့လို/မလိုဆိုတာကတော့ မိုးညှင်းမြို့နယ် Covid19 ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီရဲ့ လမ်းညွှန်မှုနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်သွားမှာပါ”ဟု မိုးညှင်းဒီဂရီကောလိပ်ကျောင်း ခေတ္တကျောင်းအုပ်ကြီး ဒေါ်ထွေးထွေးယဉ် ကပြောသည်။

ထို့အတူ မိုးညှင်းဒီဂရီကောလိပ်ကျောင်းနယ်မြေတာဝန်ခံ ဦးကျော်စံဟိန်း ကလည်း “ကျွန်တော်တို့ မိုးညှင်းဒီဂရီကောလိပ် ကျောင်းဧရိယာထဲမှာနေတဲ့ ပညာရေးဝန်ထမ်း (၇၄)ဦးရှိပါတယ်။ အဲဒီဝန်ထမ်းတွေ ပြန်လာရင် Covid-19 Quainantine ဝင်ဖို့/မဝင်ဖို့ဆိုတာက မိုးညှင်းမြို့နယ် Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးကော်မတီရဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်သွားမှာပါ။ တကယ်လို့ Quainantine ဝင်ရမယ် ဆိုရင်လဲ Covid-19 ပိုးတွေ့ရှိတဲ့နေရာဒေသကလာမဲ့ ပညာရေးဝန်ထမ်း(၂၈)ဦးကို စံပယ်အဆောင်မှာ ထားရှိဖို့နဲ့ Covid-19 ကင်းလွတ်တဲ့နေရာဒေသကလာမဲ့ ပညာရေးဝန်ထမ်း (၄၆)ဦးကိုတော့ ကံ့ကော် အဆောင်မှာထားဖို့ ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်”ဟု ပြောခဲ့သည်။

မိုးညှင်းဒီဂရီကောလိပ်ကျောင်းသို့ ပြန်လာရန်ရှိနေသည့်ပညာရေးဝန်ထမ်း (၇၄)ဦးရှိသည့်အနက် Covid-19 ရောဂါပိုးတွေ့ရှိသည့် နေရာဒေသမှဖြစ်သော မန္တလေးမှ (၁၇)ဦး၊ ရန်ကုန်မှ (၅)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ပြည်မှ (၁)ဦး၊ ဟင်္သတမှ (၁)ဦးနှင့် ပုသိမ်မှ (၁)ဦးတို့ကို စံပယ်ဆောင်တွင်ထားရှိရန် လျာထားပြီး ရောဂါပိုးကင်းစင်သည့် နေရာဒေသဖြစ်သော ရွှေဘိုမှ (၁၃)ဦး၊ မုံရွာမှ (၁၃)ဦး၊ ကောလင်းမှ (၃)ဦး၊ ကသာမှ (၂)ဦး၊ မကွေးမှ (၂)ဦး၊ မိတ္ထီလာမှ (၂)ဦး၊ ခင်ဦးမှ (၁)ဦး၊ ထီးချိုင့်မှ (၁)ဦး၊ ရမည်းသင်းမှ (၁)ဦး၊ ဝန်းသိုမှ (၁)ဦး၊ တာမခန်မှ (၁)ဦး၊ မြစ်ကြီးနားမှ (၁)ဦး၊ ညောင်ဦးမှ (၁)ဦး၊ ကျောက်ဆည်မှ (၁)ဦး၊ ဆားမှော်မှ (၁)ဦး၊ ကျွန်းလှမှ (၁)ဦး တို့ကို ကံ့ကော်ဆောင်တွင်ထားရှိရန် လျာထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။