Trending Now

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာဟု WFP သတိပေး

Spread the love

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာဟု WFP သတိပေး

EPN
နိုင်ငံတကာ၊ ဇွန် ၃၀

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏ လူမှုစီးပွားရေး သက်ရောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ငတ်မွတ်ခေါင်းပါး သူအရေအတွက် တိုးပွားလာမှုကြောင့် နိုင်ငံတကာမှ အရေးပေါ် အကူအညီများပေးကြရန် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ် (WFP) က တောင်းဆိုလိုက်သည်။

ကမ္ဘာ့ပြည်သူ သန်း ၂၇၀ နီးပါးကို ယခုနှစ်အကုန်တွင် စားနပ်ရိက္ခာမလုံလောက်မှုဖြစ်ပေါ်အောင် တွန်းပို့နိုင်ဟု WFP က ဇွန်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အာဖရိကနိုင်ငံတွင် အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာပြီး ရွေ့ပြောင်းအလုပ်သမားများထံမှ ငွေလွှဲပြောင်းမှုများ မှာ သိသိသာသာ ကျဆင်းလာခဲ့ကြောင်း WFP က ပြောကြားခဲ့သည်။

အနောက်အာဖရိကနှင့် ဗဟိုအာဖရိကရှိ လူဉီးရေ ၅၇သန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

လက်တင်အမေရိကတွင် ပြီးခဲ့သည့်နှစ်က မိုခေါင်ရေးရှားမှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့မှုကြောင့် စားနပ်ရိက္ခာအကူ အညီ လိုအပ်သူအရေအတွက်မှာ ၁၆သန်းအထိ သုံးဆတိုးလာနိုင်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁၃၈သန်းကို စားနပ်ရိက္ခာအကူအညီများပေးရန် WFP က စီစဉ်လျက်ရှိသည်။ ငတ်မွတ် ခေါင်းပါးသူများကို ကယ်ဆယ်ရန် လာမည့်ခြောက်လအတွင်း အရေးပေါ် အမေရိကန်ဒေါ်လာ ၄ဒသမ ၉ ဘီလီယံ လိုအပ်လျက်ရှိကြောင်း WFP က ပြောကြားခဲ့သည်။

မကြုံစဖူး အကျပ်အတည်းများကြောင့် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်လျက်ရှိကြောင်း WFP ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေးဗစ်ဘီစလေက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုကို လျင်မြန်စွာနှင့် ထိရောက်စွာ မတုံ့ပြန်ပါက မရေရာသည့်ရလဒ်နှင့် ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

–ကိုးကား–
အန်အိတ်ချ်ကေ
Ref; WFP warns of spike in hunger amid pandemic


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။