Trending Now

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါ်သို့ Drop ဗုံးများ ပစ်ချခဲ့မှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ၃ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိ

Spread the love

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါ်သို့ Drop ဗုံးများ ပစ်ချခဲ့မှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ၃ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိ

EPN

နေပြည်တော်၊ အောက်တိုဘာ – ၁၄

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်

တန်းကျောင်း(ခွဲ)ပေါ်သို့ Drop ဗုံးများ ပစ်ချခဲ့မှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ၃ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့ ၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ နှစ်ဝက် စာမေးပွဲ ဖြေဆိုပြီး ပြန်လည်ထွက်ခွာလာစဉ် ယမန်နေ့ မွန်းလွဲပိုင်းတွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာစွာ Drone များအသုံးပြု၍ ဗုံးသီးများပစ်ချမှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးခဲ့ပြီး ကျောင်းသူ ၃ ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိသည်။

အကြမ်းဖက်သမားများသည် ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက် အန္တရာယ်ထိခိုက်စေရန်နှင့် ပညာသင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည် ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။