Trending Now

ပြည်တွင်း ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာသည့်အတွက် Golden Myanmar လေကြောင်းလိုင်း ခေတ္တရပ်နား

Spread the love

ပြည်တွင်း ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာသည့်အတွက် Golden Myanmar လေကြောင်းလိုင်း ခေတ္တရပ်နား

EPN
မြစ်ကြီးနား၊ မတ် ၄

ပြည်တွင်း ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာသည့်အတွက် Golden Myanmar လေကြောင်းလိုင်းပြေးဆွဲမှု ယာယီရပ်နားထားကြောင်း ကချင်ပြည်နယ် GOLDEN Myanmar လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Golden Myanmar လေကြောင်းလိုင်း အနေဖြင့် ပြည်တွင်းကိုဗစ်ကူးစက်မှုများကြောင့် တစ်နှစ်ကျော် ရပ်နားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ပြည်တွင်းခရီးစဉ်များကို ပြန်လည် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ် (အိုမီခရွန်)ရောဂါ ပျံနှံမှုမှာ ပြည်တွင်းကူးစက်မှုများ များပြားလာသည့်အတွက် ရောဂါပျံနှံ့မှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ Golden Myanmar လေကြောင်းလိုင်းကို ခေတ္တရပ်နားထားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် GOLDEN Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

” အခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး ကိုဗစ်ရောဂါမျိုးကွဲသစ် (အိုမီခရွန်) ကူးစက်မှုတွေက ပြည်တွင်း ကူးဆက်မှုတွေရှိလာတယ်၊ အဲ့တော့ရောဂါ ပျံနှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး မြစ်ကြီးနားလေဆိပ်ကို ပြေးဆွဲနေတဲ့ ကျနော်တို့ Golden Myanmar air လေကြောင်းလိုင်းကို (၂)လပိုင်း (၂၀)ရက်နေ့ကနေ စပြီး ခေတ္တယာယီ ရပ်နာလိုက်ပြီဖြစ်တယ်၊” ဟု ၎င်းကပြောသည်။

GOLDEN Myanmar air လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်များကို တစ်ပတ်လျှင် အင်္ဂါ၊ကြာသပတေးနှင့် စနေနေ့၊ (၃)ကြိမ်၊ ပြေးဆွဲပေးလျက်ရှိသည်။

လက်ရှိတွင် Golden Myanmar လေကြောင်းလိုင်းရပ်နားထားသော်လည်း မြစ်ကြီးနားလေဆိပ်မှ air ကမ္ဘောဇနှင့် MAIလေကြောင်းလိုင်းတို့မှာ နေစဉ်ပြေးဆွဲလျှက်ရှိကာ၊ air သံလွင် လေကြောင်းလိုင်းမှာ တစ်ပတ်လျှင် (၂)ကြိမ်၊ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် (၆)ကြိမ် ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။