Trending Now

ထိုင်ဝမ်ဒုသမ္မတရဲ့ အမေရိကန် ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်

Spread the love

ထိုင်ဝမ်ဒုသမ္မတရဲ့ အမေရိကန် ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

ထိုင်ဝမ်တဝိုက်မှာ တရုတ်စစ်တပ်က ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီး ဒါဟာ ထိုင်ဝမ်ခွဲထွက်ရေးတပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ ပူးတွဲရေတပ်နဲ့ လေကြောင်းတိုက်ခိုက်ရေး ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့ပြီး စစ်မှန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်ခဲ့တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အတိုချုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါဟာ ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းပြီ ရန်စနေတဲ့ ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်တပ်ဖွဲ့တွေအတွက် ပြင်းထန်တဲ့ သတိပေးချက်ပဲ” လို့ ထုတ်ပြန်ချက်က သတိပေးထာပါတယ်။

ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင်းရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အပေါ် တရုတ်နိုင်ငံက ဒေါသထွက်နေပြီး ကျယ်ကျယ်ပြန့်ပြန့်တုံ့ပြန်လာနိုင်တယ်လို့ ရိုက်တာက ခန့်မှန်းထားပါတယ်။

လာမယ့် ဇန်နဝါရီလ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် နာမည်ကြီးနေတဲ့ ဒုသမ္မတ ဝီလျံလိုင်းဟာ သောကြာနေ့က အမေရိကန်နိုင်ငံက ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး တုံ့ပြန်ဖို့အတွက် သင့်လျော်တဲ့ တပ်ဖွဲ့ဝင်တွေ စေလွတ်ကာ အမျိုးသားလုံခြုံရေးကို သေခြောစေဖို့ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

“ယခုအကြိမ် စစ်ရေးလေ့ကျင့်မှု စတင်ခြင်းဟာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူမပြုရုံသာမက (တရုတ်) စစ်ဘက်ဆိုင်ရာ စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဒီနေ့ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု အတိုင်းအတာကိုတော့ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တရုတ်စစ်တပ်က ကြေညာချက်မထုတ်ပြန်ခင် တရုတ်အာဏာရကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝီလျံလိုင်ဟာ လွတ်လပ်ရေးအတွက် အမေရိကန်ကို အားကိုးဖို့ “အရှက်မရှိ” ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျွန်းအနီးကို စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ မကြာခဏစေလွတ်ခြင်းအပါအဝင် ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ခဲ့ပြီး လိုအပ်လာပါ အင်အားသုံးသိမ်းပိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။