Trending Now

ဗန်းမော်-မြစ်ကြီးနားကားလမ်ဘေး ချုံအတွင်းမှ သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Spread the love

ဗန်းမော်-မြစ်ကြီးနားကားလမ်ဘေး ချုံအတွင်းမှ သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

EPN

မြစ်ကြီးနား၊ မတ် ၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်မြို့အထွက်ရှိ ဗန်းမော်-မြစ်ကြီးနားကားလမ်းမကြီးဘေး ချုံပုတ်အတွင်းမှ သိုဝှက်ထားသည့် သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

မြို့သစ်မြို့အထွက်ရှိ ဗန်းမော်-မြစ်ကြီးနားကားလမ်းမကြီးဘေး ချုံပုတ်အတွင်း၌ သေနတ်တစ်လက်တွေ့ရှိ ရကြောင်းသတင်းအရရှိခဲ့သဖြင့် မတ်လ ၁ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းဘေးချုံအတွင်းမှ KA အမျိုးအစားသေနတ်တစ်လက်၊ ကျည်၂၀တောင့်၊ကျည်အိမ်၁ခု၊ လွယ်ကြိုး၁ချောင်းတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများအား သိုဝှက်ထားခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။