Trending Now

ညမထွက်ရအမိန့်နှင့် ပတ်သက်ပြီး စွဲဆိုထားသည့် အမှုတစ်မှုကို အမှုတွဲချေဖျက်ဖို့ လျှောက်ထား

Spread the love

ညမထွက်ရအမိန့်နှင့် ပတ်သက်ပြီး စွဲဆိုထားသည့် အမှုတစ်မှုကို အမှုတွဲချေဖျက်ဖို့ လျှောက်ထား

EPN
မြစ်ကြီးနား၊ မေ ၁၅

မြစ်ကြီးနားမြို့တွင် ညမထွက်ရအမိန့်နှင့် ပတ် သက် ပြီးစွဲဆိုထားသည့် အမှုတစ်မှုကို အမှုတွဲ ချေဖျက်ဖို့ ကချင်ပြည်နယ် တရားလွှတ်တော် ရုံးသို့ လျှောက်ထားကြောင်း သိရသည်။

အဆိုပါ လျှောက်ထားချက်နှင့် ပတ်သက်၍ အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလင်းနိုင်၊ဦးသက်ထွန်းဦး၊ ဦးကျော်စိုးမိုးတို့ကို ယနေ့မေ ၁၅ ရက်က ဆက်သွယ်မေးမြန်းခဲ့သည်။

” ရာကျင့်- ၁၄၄ အရ ထုတ်ပြန်တဲ့ ကိစ္စမှာ သူရဲ့ ဥပဒေအရ ကာလသတ်မှတ် ချက်နဲ့ ပတ်သက်ပြီးတော့ ရာကျင့်-၁၄၄ (၆)မှာ လူ့အသက်၊ ကျန်းမာရေး၊ သို့မဟုတ် လုံခြုံမှုကို အန္တရာယ်ဖြစ်စေ ၊ ရုန်းရင်းဆန်ခတ်မှု ၊ သို့မဟုတ် သတ်ပုတ်နှောင့်ယှက်မှု ဖြစ်ပွားရန်ရှိသည့် အမှုများတွင်ဖြစ်စေ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် အခြား နည်းညွှန်ကြားခြင်း မရှိပါက ဤပုဒ်မအရ ချမှတ်သော မည်သည့်အမိန့်မျှ ချမှတ်သည့် နေ့ရက်မှ “နှစ်လ”ထက် ပို၍မတည်စေရ လို့ပါရှိတယ် ။ ဒီတော့မြစ်ကြီးနားမြို့နယ်မှာထုတ်ပြန်ထားတဲ့အမိန့်ဖြစ်တဲ့ အမိန့်အမှတ်-၃/၂ဝ၂ဝ ရဲ့ အပိုဒ်-၄ မှာဆိုရင် နောက်ထပ်မထုတ်မပြန်မချင်းလို့ပါနေတဲ့အတွက် ရက်အကန့် အသတ်မရှိတဲ့သဘော ဖြစ်နေတာပေါ့။ ဒီတော့ ဒီထုတ်ပြန်တဲ့အမိန့်ဟာ ဥပဒေနဲ့ ညီ/မညီဆိုတဲ့ ဥပဒေပြဿနာတစ် ရပ်ရှိနေတာပေါ့။ စွဲဆိုတဲ့ပုဒ်မက ၁၈၈ (ရာဇသတ်ကြီး)ဖြစ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းက ဥပဒေ နဲ့အညီ ထုတ်ပြန်တဲ့အမိန့် တစ်ရပ်ရှိဖို့လိုတယ်။ ” ဟု ယင်းအမှုကို လိုက်ပါ ဆောင်ရွက် သူရှေ့နေများက ဆိုသည်။

ထို့အပြင် ဆက်လက်၍ ”ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ရာကျင့် -၅၆၁-က အရ [ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်စွဲဆိုထားတဲ့ ရာဇဝတ်မှုအမှတ်-၄၇၆/ ၂ဝ၂ဝ အမှုတွဲကို ]ချေဖျက်ဖို့ရာ ကချင်ပြည်နယ် တရားလွှတ်တော်ကို ရာဇဝတ်အထွေထွေမှုအမှတ်-၁/၂၀၂၀ အနေနဲ့ (၁၅-၅-၂၀၂၀)ရက်နေ့မှာ တက်ရောက်ထားပါတယ်” ဟု ၎င်းတို့က ဆက်လက်ပြောကြားသည်။

ချမ်းမြူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။