Trending Now

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၄၅ ဦးသေဆုံးခဲ့

Spread the love

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူ စုစုပေါင်း ၁၄၅ ဦးသေဆုံးခဲ့

EPN
မြစ်ကြီးနား၊ မေ ၂၀

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူ စုစုပေါင်း ၁၄၅ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မေလ ၁၇ ရက် မွန်းလွဲပိုင်းထိရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် ဒေသခံပြည်သူ ၄၈ ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

မေ ၁၈ မေ ရက်ညပိုင်းထိ ရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့၌ ဒေသခံပြည်သူ ၆ ဦးနှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရှိရ၍ သေဆုံးသူစုစုပေါင်း ၁၄၅ ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။