Trending Now

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အမှတ် (၁၀)ခြေလျင်တပ်ရင်း အနီးရှိ တံတားအား ပြန်လည်ပြုပြင်ခြင်းနှင့် ဒေါ်ဒွန်းပင်းတံတား ထပ်မံတိုးချဲ့မည့်လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

Spread the love

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အမှတ် (၁၀)ခြေလျင်တပ်ရင်း အနီးရှိ တံတားအား ပြန်လည်ပြုပြင်ခြင်းနှင့် ဒေါ်ဒွန်းပင်းတံတား ထပ်မံတိုးချဲ့မည့်လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

EPN
မကွေး၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်
ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၈နာရီခွဲ အချိန်က မင်းဘူး (စကု)မြို့နယ် အတွင်းရှိ သားမွေးချောင်းပေါ်တွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် အမှတ် (၁၀)ခြေလျင်တပ်ရင်းအနီးရှိ တံတားအား ပြန်လည်ပြုပြင်ခြင်းနှင့် ဒေါ်ဒွန်းပင်းတံတား ထပ်မံတိုးချဲ့
မည့်လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မင်းဘူး (စကု)မြို့နယ်၊ သားမွေးချောင်း (နွားကူးရိုး)ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ စကု အထက စာမေးပွဲ ဖြေဆိုမှုအား ကြည့်ရှုအားပေးခဲ့ကာ စကုမြို့ တောင်ရပ် အထက ခွဲကျောင်းတွင် Grade 9 စာမေးပွဲဖြေဆိုနေမှုနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် မင်းဘူး (စကု)မြို့နယ်၊
စကုမြို့၊ စက်မှုစိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊
အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အမီ ပြီးစီးရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။