Trending Now

စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအပါအဝင် ကျေးလက်ဈေးများ၊ သားငါးဈေးများကို သတ်မှတ် အချိန်များတွင်သာ ရောင်းချခွင့်ပြုမည်

Spread the love

စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအပါအဝင် ကျေးလက်ဈေးများ၊ သားငါးဈေးများကို သတ်မှတ် အချိန်များတွင်သာ ရောင်းချခွင့်ပြုမည်

EPN
မြစ်ကြီးနား၊ မတ် ၃၁

COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်သည့်အနေနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်လေးခရိုင်မှ အုပ်ချုပ်ရေးမှူးများသို့ ယမန်နေ့ မတ်လ ၃၀ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ အပါအဝင် ကျေးလက်ဈေး၊ သားငါးဈေးများကို သတ်မှတ်အချိန်များတွင်သာ ရောင်းချခွင့်ပြုရန်လည်း ညွှန်ကြားချက်ထုတ်ထားကြောင်း သိရသည်။

စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ အပါအဝင် ကျေးလက်ဈေး၊ သားငါးဈေးများကို နံနက်(၀၅း၀၀)နာရီမှ (၁၀း၀၀)နာရီအထိလည်းကောင်း၊ ညနေ(၄)နာရီမှ (၆)နာရီအချိန်ထိလည်းကောင်း စသည့် အချိန်များတွင်သာရောင်းရောင်းချခွင့်ပြုရန် ဟု ၎င်း ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

ပြည်သူလူထုအနေနှင့်လည်း စားသောက်ဆိုင်များမှ အစားအစာများကို ဝယ်ယူစားသုံးရာတွင် ဆိုင်တွင်း၌ စားသောက်ခြင်းမပြုလုပ်ဘဲ မိမိသို့၏ နေအိမ်များသို့သာ ပါဆယ်ဝယ်ယူစားသောက်ကြရန်၊ စားသောက်ဆိုင်ပိုင်ရှင်များမှလည်း အစားအသောက်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးကြရန် ညွှန်ကြားချက်ထုတ်ထားသည်။

ထို့အပြင် ညဈေးတန်းဖွင့်လှစ်ရောင်းချခြင်းနှင့် စည်ပင်သာယာရေးအဖွဲပိုင်ဈေးများတွင် အထည်ဆိုင်များ၊ လူ့အသုံးအဆောင်ပစ္စည်းဆိုင်များ ဖွင့်လှစ်ခြင်းမပြုရန်နှင့် လူစုလူဝေးဖြင့်စေသည့် အလှူ၊ မင်္ဂလာဆောင်များ၊ ရှင်ပြုပွဲများ အပါအဝင် လူမှုရေးပွဲလမ်းသဘင်များ ကျင်းပခြင်းနှင့် Spa၊ KTV၊ Bar Night Club များ စသည်တို့အား ယနေ့(၃၁-၃-၂၀၂၀) ရက်နေ့မှ စတင်၍ (၃၀-၄-၂၀၂၀) ရက်နေ့အထိ ယာယီ ပိတ်သိမ်း ထားရေး အထူးကြပ်မတ်ဆောင်ရွက် ညွှန်ကြားထားကြောင်း သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။