Trending Now

ဗန်းမော် မြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ၊ ကာကွယ်ရေးသုံးပစ္စည်းများပေးအပ်လှူဒါန်း

Spread the love

ဗန်းမော် မြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ၊ ကာကွယ်ရေးသုံးပစ္စည်းများပေးအပ်လှူဒါန်း

EPN
ဗန်းမော်၊ ဧပြီ ၂

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစောမိုးကျော်နှင့် ကော်မတီဝင်များသည် ြ့ပည်သူများအား COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ၊ ကာကွယ်ရေးသုံးပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်လှူဒါန်းကြောင်းသိရသည်။

ဧပြီလ ၁ ရက်နေ့တွင် ပေါက်ကုန်းရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း၊ ဧပြီလ ၂ ရက်နေ့တွင် ညောင်ပင်ရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ နောင်ခိုရပ်ကွက် နှင့် ရွှေကျီးနားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ တွင်လည်းကောင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပညာပေးစာများပါသော ဗီနိုင်းတစ်ချပ်နှင့် လက်ကမ်းစာစောင် များ၊ HandGel ဗူးကြီး တစ်ဗူး၊ ဗူးသေး (၁၂)လုံးပါ တစ်ကတ်၊ Mask ၅၀ ပါ တစ်ဗူးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသီးသီးတို့က လက်ခံယူခဲ့ကြောင်းသိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ကိုယ့်ရပ်ကွက်အတွင်းမှာ သံသယလူနာတွေ့ရှိပါကကြိုတင် ပြုစုကာကွယ်နိုင်အောင်လို့်COVID-19 ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများကို ဦးစားပေးလှူဒါန်းရကြောင်း မြို့နယ်ပါတီ ဥက္ကဌ ဦးသက်ဝင်းက ပြောသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။