Trending Now


Spread the love

EPN
ဖားကန့်၊ ဖေဖော်ဝါရီ၂၃

ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု အပိုင် အတွင်းရှိ ဆိုင်းကြားဘုံလမ်းဆုံတွင် ဖေဖော်ဝါရီ (၂၃)ရက် နေ့လည်(၃း၁၅)နာရီအချိန်က မြေစာ စွန့်ပစ်သည့်ကားမှ ကြိတ်မိသဖြင့်
နောင်ရိုး
———————————————-
မြေစာစွန့်ပစ်သည့်ကားကို ကျော်တက်ရာမှ ကား
ကြိတ်မိသဖြင့် ဆိုင်ကယ်ပေါ်မှ ဈေးသည် တစ်ဦးသေဆုံး
EPN
ဖားကန့်၊ ဖေဖော်ဝါရီ၂၃
ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု အပ်ိုင် အတွင်းရှိ ဆိုင်းကြားဘုံလမ်းဆုံတွင် ဖေဖော်ဝါရီ (၂၃)ရက် နေ့လည်(၃း၁၅)နာရီအချိန်က မြေစာ စွန့်ပစ်သည့်ကားမှ ကြိတ်မိသဖြင့် ဈေးရောင်း သူတစ်ဦးသေဆုံးကြောင်းသိရသည်။
ဖြစ်စဉ်မှာ အချဉ်ပေါင်းရောင်းသူမသောင်းစိန်နှင့် သူငယ်ချင်းဖြစ်သူတို့သည် ဈေးရောင်းရန် အ တွက် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်သို့ ဆိုင်ကယ်ဖြင့် သွားရာ လျန်ချန်ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီမှ မြေစာစွန့်ပစ်သည့် ကား အား အနောက်မှကျော်တက်ရာမှ ပြုတ်ကျသဖြင့် ကြိတ်မိခြင်းဖြစ်ကြောင်း အေးမြသာယာအုပ်ချုပ်
ရေးရုံးမှ တာဝန်ရှိသူတဦးမှဖြေကြားသည်။
သေဆုံးသူမှာ မသောင်းစိန်၊အသက်(၃၈)နှစ်၊ အဘအမည်ဦးဘဂျမ်း နမ္မတီးဇာတိဟုသိရပြီး၊ ယခုလက်ရှိမှော်ထဲတွင်မူ မက်လင်ချောင်တွင် နေထိုင်ကြောင်းသိရသည်။
ယင်းသေဆုံးသူအား ဆိုင်းကြာဘုံလူမှုကူညီရေး အဖွဲ့မှ ညနေ(၄း၀၀)နာရီအချိန်ခန့်တွင် ဖားကန့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
နောင်ရိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။