Trending Now

သင်္ကြန်ကာလအတွင်း ပျံသန်းမှုယာယီရပ်ဆိုင်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲ

Spread the love

သင်္ကြန်ကာလအတွင်း ပျံသန်းမှုယာယီရပ်ဆိုင်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲ

EPN
ပူတာအို၊ မေ ၁

သင်္ကြန်ကာလနှင့်Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းမှုကို ယာယီရပ်ဆိုင်းခဲ့ရာ ယခုအခါခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် ပုံမှန်အတိုင်းပြန် လည်ပြေးဆွဲပျံသန်းမှုကို မေ(၁)ရက်မှ စတင်ခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်း ပူတာအိုဌာနခွဲ တာ၀န်ခံ ဦးလှမြင့်ထံမှ သိရသည်။

” လက်ရှိမှာ မေလ(၁,၃,၄,၆,၈)ရက်များတွင် ပြေးဆွဲဖို့လျာထားပေမဲ့ အခုအချိန်မှာတော့ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းအရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်ဖြစ်လို့ အကြောင်းအမျိုးမျိုး ဖြစ်ပေါ်လာခဲ့ရင် တော့အခြေအနေအရပဲ ပျံသန်းပြေးဆွဲသွားမှာဖြစ်ပါတယ်။လက်မှတ်များကိုတော့ ပုံမှန်အတိုင်း အရောင်းကိုယ် စားလှယ်များနဲ့ အွန်လိုင်းကနေ၀ယ်ယူအားပေးလို့ရပါတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါမြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်၊မန္တလေး၊မြစ်ကြီးနားမှ ပူတာအိုမြို့သို့ ပြန် လည်ရောက်ရှိလာသော ခရီးသွားပြည်သူများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ် ဒေါက်တာ သန့်ဇင်ထွန်းနှင့်မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် တို့ဦးဆောင်သော အဖွဲ့မှစနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇ၀င်မေးမြန်းစာရင်းရေးသွင်းခြင်းနှင့်သက်ဆိုင်ရာ Community Base Facility Quarantine များသို့ညွှန်းပို့ခြင်းတို့ဆောင်ရွက်ခဲ့ရာ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လာရောက်အား ပေးကြည့်ရှုခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကို ဧပြီ(၁၃)ရက်မှ (၃၀)ရက်အထိ ပျံသန်းပြေးဆွဲမှုများကို ယာယီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါအပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာရက်များတွင် ပုံမှန် အတိုင်းပြန်လည်ပြေးဆွဲပျံသန်းပေးသွားမည့်အပြင် ရွှေမြန်မာလေကြောင်းလိုင်းကိုလည်း မေ(၁၆)ရက်မှ စတင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

ပူတာအိုခရိုင်အတွင်းရှိ ပြည်သူများသည် ခရီးသွားလုပ်ငန်းများနှင့်ကုန်သွယ်မှုလုပ်ငန်းများအတွက် လေကြောင်းလိုင်းနှင့် ကားလမ်းများကိုသာ အဓိကအားကိုးအားထားပြုရသောခရိုင်ဖြစ်ပြီး လေကြောင်းလိုင်း အနေဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း နှင့်ရွှေမြန်မာလေကြောင်းလိုင်း နှစ်လိုင်းသာပျံသန်းပြေးဆွဲ လျက်ရှိကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။