Trending Now

မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွား

Spread the love

မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရှိရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးမျိုးဝင်းဦးဆောင်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်(၃၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၃၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများနှင့်ပူးပေါင်း၍ ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် စားရေရိက္ခာပေးဝေခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ရှိ ဇလပ်ထော်ရေလှောင်တမံ ရေအနည်းငယ်ဖောက်ထုတ်မည်ဖြစ်သဖြင့် ကျေးရွာလေးရွာသို့ ရေများဝင်ရောက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။