Trending Now

မအူပင်မြို့မရဲစခန်းရှိ အချုပ်သား ၄၀ဦးခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

မအူပင်မြို့မရဲစခန်းရှိ အချုပ်သား ၄၀ဦးခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
မအူပင်၊ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မရဲစခန်းရှိ အချုပ်မှ အချုပ်သား ၄၀ ဦးခန့် ကိုဗစ်-၁၉ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း မအူပင်မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးထံက သိရသည်။

မအူပင်မြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်း ကူးစက်ခံထားရသည့် အချုပ်သားများမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၇ ဦး ပါဝင်ကြောင်းနှင့် လက်ရှိ အဆိုပါ ရဲစခန်းအချုပ်အတွင်း အချုပ်သား၊ အချုပ်သူ စုစုပေါင်း ၆၀ ကျော်ရှိကြောင်း သိရသည်။

”မအူပင်မြို့မ ရဲစခန်းအချုပ်အတွင်း အချုပ်သား ၆၀ ကျော်ရှိတယ်။ အယောက် ၄၀ လောက် ကိုဗစ်ကူး စက်ခံနေရတယ်။ နေထိုင်မကောင်းဖျားနေသူတွေ လဲရှိတယ်။အချုပ်သားတွေကို ကိုဗစ်ကူးစက်ခံရတာ ရှိ မရှိ ပုံမှန် စစ်ဆေးပေးနေရာမှ သူတို့မှာ ပိုးတွေ ရှိနေတာကို သိရတာပါ။”ဟု အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသည့် အချုပ်သားများ
အား သက်ဆိုင်ရာနှင့် ပူးပေါင်းကာ ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၂ ရက်အထိ ယင်းအချုပ်သားများ အပြင် မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ခံရသည့် အတည်ပြုလူနာ ၁၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သောသတင်းမှတ်တမ်းများအရ သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။