Trending Now

ယူကရိန်းကို ထောက်ပံ့ဖို့ ဆန့်ကျင်တဲ့ စလိုဗားကီးယားက ပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖွယ်ရှိ

Spread the love

ယူကရိန်းကို ထောက်ပံ့ဖို့ ဆန့်ကျင်တဲ့ စလိုဗားကီးယားက ပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖွယ်ရှိ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

ယူကရိန်းကို စစ်ရေးအကူအညီတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့တဲ့ စလိုဗားကီးယားက နိုင်ငံရေးပါတီတစ်ခုဟာ တခြား ပါတီ ၂ ခုနဲ့အတူ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းမယ်လို့ မျှော်လင့်ရပါတယ်။ သူတို့ဟာ နားလည်မှုမှတ်တမ်းကို ဗုဒ္ဓဟူးနေ့မှာ လဲလှယ်ခဲ့ကြပါတယ်။

စလိုဗားကီးယား ဝန်ကြီးချုပ်ဟောင်း Robert Fico ဦးဆောင်တဲ့ လက်ဝဲဝါဒီ အတိုက်အခံပါတီ Smer-SSD ဟာ ပြီးခဲ့တဲ့လတုန်းက လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး ရခဲ့ပါတယ်။

ဒီပါတီဟာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုပေးတာကို ဆန့်ကျင်နေရုံမက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ဆန့်ကျင်နေပါတယ်။

ဝန်ကြီးချုပ်ကို Smer-SSD ပါတီကနေ ရွေးချယ်မှာဖြစ်တာကြောင့် မစ္စတာ Fico နောက်တစ်ကြိမ် ဒီရာထူးကို ထမ်းဆောင်နိုင်မယ့်သဘောဖြစ်ပါတယ်။

အာဏာရ ညွန့်ပေါင်းအဖွဲ့ဟာ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးကို ဦးတည်လုပ်ဆောင်မယ်လို့ အဲဒီပါတီက ဆိုပါတယ်။

ဒါပေမဲ့ ဒီညွန့်ပေါင်းအဖွဲ့ဟာ သံတမန်ရေးမူဝါဒကို ရှင်းလင်းပြောကြားခြင်းမရှိသေးဘဲ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှု အဆုံးသတ်မယ်ဆိုတဲ့ မစ္စတာ Fico အရင်က ပြောခဲ့တဲ့ သဘောထားနဲ့ပတ်သက်လို့ ရည်ညွှန်းပြောကြားတာမျိုးလည်း မရှိသေးပါဘူး။

စလိုဗားကီးယား အစိုးရသစ်က ယူကရိန်းအပေါ် စစ်ရေးအကူအညီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်မယ်ဆိုရင် ယူကရိန်းကို တောက်လျောက် ကျောထောက်နောက်ခံပေးလာတဲ့ ဥရောပသမဂ္ဂရဲ့ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

Source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။