Trending Now

မြစ်ကြီးနားမြို့တွင်း ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးနှင့် လုယက်မှု ကျူးလွန်သူအများစုတွင် အသက် ၁၈နှစ်အောက်လူငယ် အများစု ပါဝင်နေ

Spread the love

 
မြစ်ကြီးနားမြို့တွင်း ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးနှင့် လုယက်မှု ကျူးလွန်သူအများစုတွင် အသက် ၁၈နှစ်အောက်လူငယ် အများစု ပါဝင်နေ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃၀

မြစ်ကြီးနားမြို့ပေါ်တွင် ဖြစ်ပွားလေ့ရှိသည့် မူးယစ်ဆေးဝါးအမှုများနှင့် လုယက်မှုကျူးလွန်သူ အများစုတွင် အသက်၁၈နှစ်အောက် လူငယ်များ အများဆုံး ပါဝင်ပတ်သက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းအပြင် ဖြစ်ပွားခဲ့သည့် လုယက်မှုများ၏ ၆၀ ရာခိုင်နှုန်းမှာ အသက်၁၈ နှစ်အောက် လူငယ်များဖြစ်ပြီး ၂၅ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အထက် လူငယ်များနှင့် ကျန်ရှိသည့် ၁၅ ရာခိုင်နှုန်းမှာ အသက် ၂၅ နှစ်အထက် လူလတ်ပိုင်းများကို အများဆုံးတွေ့ရကြောင်း ၎င်းက ပြောသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့က ၁၆နှစ်နဲ့ ၂၅နှစ်ကြား အဲ့ဒီလူငယ်တွေက များသောအားဖြင့် မူးယစ်ဆေးဝါးအမှုတွေမှာ တရားခံအဖြစ်နဲ့ တွေ့ရပါတယ်။ မြို့ပေါ်မှာ လုယက်မှုအပိုင်းနဲ့ ပတ်သက်လို့ ဖမ်းဆီးရမိထားတဲ့ အခြေအနေအရ ၁၈နှစ်အောက်က အများဆုံးဖြစ်တယ်”ဟု မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်မိုးက ပြောဆိုသည်။

ယင်းသို့ဖြစ်ပွားလေ့ရှိသည့် အမှုများ လျော့နည်းကျဆင်းရေးအတွက် မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လုံးခြုံရေးလှည့်ကင်းများကို အပိုင်းသုံးပိုင်းခွဲကာ ဆောင်ရွက်လျက်ရှိသလို ပိတ်ဆို့ရှာဖွေမှုများကိုလည်း နေရာသတ်မှတ်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းရေးအတွက် လုံခြုံရေးလှည့်ကင်းများဖြင့် ဆောင်ရွက်နေသော်လည်း ယခုရက်ပိုင်း မြိုပေါ်ရပ်ကွက်များနှင့် ညဦးပိုင်းအချိန်များတွင် ဆိုင်ကယ်ဖြစ် လိုက်လံလုယက်မှုများ ရှိနေကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။

“ဆိုင်ကယ်နဲ့ လုယက်တာတွေကတော့ ရှိနေတုန်းပဲ သူတို့က ပိုက်ဆံတွေယူပြီး မှတ်ပုံတင်တွေ မလိုအပ်တဲ့ဟာတွေကိုတော့ တစ်ခြားနေရာမှာ ပြန်ပစ်ချသွားတာမျိုးပေါ့” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူတစ်ဦးမှာလည်း အောက်တိုဘာ ၂၉ ရက်နေ့ညပိုင်းက ကမ်းနားလမ်းတွင် ပိုက်ဆံအိတ်လုယူခံရမှုဖြစ်ပွားခဲ့ပြီး မြန်မာငွေငါးသိန်းကျော်နှင့် တရုတ်ပိုက်ဆံအချို့ ပါသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးထံမှ သိရသည်။

ယင်းသို့ ဖြစ်ပွားသည့် လုယက်မှုများနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများထံ သတင်းပေးတိုင်ကြားကြရန်နှင့် ပူးပေါင်းကူညီကြဖို့ လိုအပ်ကြောင်း ရဲမှူးက ထောက်ပြပြောဆိုသည်။

“ကျွန်တော်တို့ရဲတပ်ဖွဲ့က ဒီလိုမျိုး အမှုတွေကို ဖော်ထုတ်ဖို့ဆိုရင် ရဲတပ်ဖွဲ့တစ်ခုတည်းမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး အားလုံးက ပူးပေါင်းပါဝင်ခဲ့မယ်ဆိုရင် ဒီအမှုတွေက မဖြစ်မနေ တစ်ရက်မဟုတ် တစ်ရက်တော့ ပေါ်ပေါက်လာမှာပေါ့ အဓိက သတင်းမရရင် ဘာမှလုပ်လို့မရဘူး သတင်းရမှသာလျှင် ကျွန်တော်တို့က အစဆွဲထုတ်လို့ရမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတင်းပေးပြီး ဝိုင်းဝန်းကူညီကြဖို့ လိုတယ်”ဟု ရဲမှူးမြင့်မိုးက ပြောဆိုသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လူသတ်မှု ၁ မှု အပါအဝင် အခြားအမှု ၃၇ မှုနှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည့် ကြိုတင်ကာကွယ်မှု ၁၀၆ မှု ရှိခဲ့ပြီး အောက်တိုဘာ ၁ရက်နေ့မှ ၂၅ ရက်နေ့အထိ အမှုကြီး တစ်မှုအပါအဝင် အခြားအမှု ၄၀မှုနှင့် ကြိုတင်ကာကွယ်မှု ၉၁ မှုအထိ ရှိကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သက်ပိုင်
+++++++++++++++++++++++++++++++++++++++++++

ျမစ္ႀကီးနားၿမိဳ႕တြင္း ျဖစ္ပြားေနသည့္ မူးယစ္ေဆးဝါးႏွင့္ လုယက္မႈ က်ဴးလြန္သူအမ်ားစုတြင္ အသက္ ၁၈ႏွစ္ေအာက္လူငယ္ အမ်ားစု ပါဝင္ေန

EPN
ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၃၀

ျမစ္ႀကီးနားၿမိဳ႕ေပၚတြင္ ျဖစ္ပြားေလ့ရွိသည့္ မူးယစ္ေဆးဝါးအမႈမ်ားႏွင့္ လုယက္မႈက်ဴးလြန္သူ အမ်ားစုတြင္ အသက္၁၈ႏွစ္ေအာက္ လူငယ္မ်ား အမ်ားဆုံး ပါဝင္ပတ္သက္လ်က္ရွိေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ သိရသည္။

ယင္းအျပင္ ျဖစ္ပြားခဲ့သည့္ လုယက္မႈမ်ား၏ ၆၀ ရာခိုင္ႏႈန္းမွာ အသက္၁၈ ႏွစ္ေအာက္ လူငယ္မ်ားျဖစ္ၿပီး ၂၅ ရာခိုင္ႏႈန္းမွာ အသက္ ၁၈ ႏွစ္အထက္ လူငယ္မ်ားႏွင့္ က်န္ရွိသည့္ ၁၅ ရာခိုင္ႏႈန္းမွာ အသက္ ၂၅ ႏွစ္အထက္ လူလတ္ပိုင္းမ်ားကို အမ်ားဆုံးေတြ႕ရေၾကာင္း ၎က ေျပာသည္။

“မူးယစ္ေဆးဝါးနဲ႔ ပတ္သက္လို႔က ၁၆ႏွစ္နဲ႔ ၂၅ႏွစ္ၾကား အဲ့ဒီလူငယ္ေတြက မ်ားေသာအားျဖင့္ မူးယစ္ေဆးဝါးအမႈေတြမွာ တရားခံအျဖစ္နဲ႔ ေတြ႕ရပါတယ္။ ၿမိဳ႕ေပၚမွာ လုယက္မႈအပိုင္းနဲ႔ ပတ္သက္လို႔ ဖမ္းဆီးရမိထားတဲ့ အေျခအေနအရ ၁၈ႏွစ္ေအာက္က အမ်ားဆုံးျဖစ္တယ္”ဟု ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲမႉးျမင့္မိုးက ေျပာဆိုသည္။

ယင္းသို႔ျဖစ္ပြားေလ့ရွိသည့္ အမႈမ်ား ေလ်ာ့နည္းက်ဆင္းေရးအတြက္ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕အေနျဖင့္ လုံးၿခဳံေရးလွည့္ကင္းမ်ားကို အပိုင္းသုံးပိုင္းခြဲကာ ေဆာင္႐ြက္လ်က္ရွိသလို ပိတ္ဆို႔ရွာေဖြမႈမ်ားကိုလည္း ေနရာသတ္မွတ္ကာ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕အေနျဖင့္ မႈခင္းက်ဆင္းေရးအတြက္ လုံၿခဳံေရးလွည့္ကင္းမ်ားျဖင့္ ေဆာင္႐ြက္ေနေသာ္လည္း ယခုရက္ပိုင္း ၿမိဳေပၚရပ္ကြက္မ်ားႏွင့္ ညဦးပိုင္းအခ်ိန္မ်ားတြင္ ဆိုင္ကယ္ျဖစ္ လိုက္လံလုယက္မႈမ်ား ရွိေနေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ခံမ်ားထံမွ သိရသည္။

“ဆိုင္ကယ္နဲ႔ လုယက္တာေတြကေတာ့ ရွိေနတုန္းပဲ သူတို႔က ပိုက္ဆံေတြယူၿပီး မွတ္ပုံတင္ေတြ မလိုအပ္တဲ့ဟာေတြကိုေတာ့ တစ္ျခားေနရာမွာ ျပန္ပစ္ခ်သြားတာမ်ိဳးေပါ့” ဟု ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသည့္ ၿမိဳ႕ခံတစ္ဦးက ေျပာဆိုသည္။

အလားတူ တ႐ုတ္ႏိုင္ငံမွ လာေရာက္လည္ပတ္သူတစ္ဦးမွာလည္း ေအာက္တိုဘာ ၂၉ ရက္ေန႔ညပိုင္းက ကမ္းနားလမ္းတြင္ ပိုက္ဆံအိတ္လုယူခံရမႈျဖစ္ပြားခဲ့ၿပီး ျမန္မာေငြငါးသိန္းေက်ာ္ႏွင့္ တ႐ုတ္ပိုက္ဆံအခ်ိဳ႕ ပါသြားခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိခဲ့သူတစ္ဦးထံမွ သိရသည္။

ယင္းသို႔ ျဖစ္ပြားသည့္ လုယက္မႈမ်ားႏွင့္ပတ္သက္၍ ျပည္သူမ်ားအေနျဖင့္ သက္ဆိုင္ရာ ရဲစခန္းမ်ားထံ သတင္းေပးတိုင္ၾကားၾကရန္ႏွင့္ ပူးေပါင္းကူညီၾကဖို႔ လိုအပ္ေၾကာင္း ရဲမႉးက ေထာက္ျပေျပာဆိုသည္။

“ကြၽန္ေတာ္တို႔ရဲတပ္ဖြဲ႕က ဒီလိုမ်ိဳး အမႈေတြကို ေဖာ္ထုတ္ဖို႔ဆိုရင္ ရဲတပ္ဖြဲ႕တစ္ခုတည္းမွာပဲ တာဝန္ရွိတာမဟုတ္ပါဘူး အားလုံးက ပူးေပါင္းပါဝင္ခဲ့မယ္ဆိုရင္ ဒီအမႈေတြက မျဖစ္မေန တစ္ရက္မဟုတ္ တစ္ရက္ေတာ့ ေပၚေပါက္လာမွာေပါ့ အဓိက သတင္းမရရင္ ဘာမွလုပ္လို႔မရဘူး သတင္းရမွသာလွ်င္ ကြၽန္ေတာ္တို႔က အစဆြဲထုတ္လို႔ရမွာျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ သတင္းေပးၿပီး ဝိုင္းဝန္းကူညီၾကဖို႔ လိုတယ္”ဟု ရဲမႉးျမင့္မိုးက ေျပာဆိုသည္။
ျမစ္ႀကီးနားၿမိဳ႕တြင္ ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္း လူသတ္မႈ ၁ မႈ အပါအဝင္ အျခားအမႈ ၃၇ မႈႏွင့္ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးခဲ့သည့္ ႀကိဳတင္ကာကြယ္မႈ ၁၀၆ မႈ ရွိခဲ့ၿပီး ေအာက္တိုဘာ ၁ရက္ေန႔မွ ၂၅ ရက္ေန႔အထိ အမႈႀကီး တစ္မႈအပါအဝင္ အျခားအမႈ ၄၀မႈႏွင့္ ႀကိဳတင္ကာကြယ္မႈ ၉၁ မႈအထိ ရွိေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရသည္။

သက္ပိုင္

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။