Trending Now

စေတနာ့ ဝန်ထမ်းများနှင့် ပရဟတိတ အဖွဲ့အစည်းများအား ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ လွှဲပြောင်းပေးအပ်၊ အခြေခံလူတန်းစား အိမ်ထောင်စုများအား ေငွများထောက်ပံ့ ပေးအပ်

Spread the love

စေတနာ့ ဝန်ထမ်းများနှင့် ပရဟတိတ အဖွဲ့အစည်းများအား ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ လွှဲပြောင်းပေးအပ်၊ အခြေခံလူတန်းစား အိမ်ထောင်စုများအား ေငွများထောက်ပံ့ ပေးအပ်

EPN
မိုးမောက်၊ ဇူလိုင် ၉

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့တွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟတိတ အဖွဲ့အစည်းများအတွက် ရင်ထိုးတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ လွှဲပြောင်းပေးအပ်ခြင်းနှင့် အခြေခံလူတန်းစားအိမ် ထောင်စုများအား​ေငွများထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၉ ရက်နေ့ ယနေ့ နံနက် ၁၁နာရီက မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့ကြောင်း ဒေါ့ဖုန်းယန် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုတို့ က အမှာစကားပြောကြားပြီး ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၇၈၀) စု အတွက် ငွေကျပ်(၁၁၇၀၀၀၀၀)အား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ထိုနောက် ဒေါ့ဖုန်းယန်မြို့အတွင်း COVID-19 ကူးစက်‌ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် မေတ္တာ၊ စာဂ၊ ဝီရိယကိုအခြေခံ၍ ပါဝင်ကူညီဆောင်ရွက်ခဲ့ခြင်းအတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှပေးပို့ ​ေသာ ရင်ထိုးတံဆိပ်၊ Masks, Hand Gel၊ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုစေတနာ့ ဝန်ထမ်းနှင့် ပရဟိတအဖွဲ့အစည်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းစိန်(ခ) ဦးစိုင်းအောင်လတ်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ ဒေါ့ဖုန်းယန်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။