Trending Now

ထိုင်းနိုင်ငံမှာ သေနတ်သမားတစ်ဦး ပစ်ခတ်လို့ လူသုံးဦး သေဆုံး

Spread the love

ထိုင်းနိုင်ငံမှာ သေနတ်သမားတစ်ဦး ပစ်ခတ်လို့ လူသုံးဦး သေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၂၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင်ဘက် ပက်ချာဘူရီခရိုင်မှာ မနေ့က သေနတ်သမားတစ်ဦး ပစ်ခတ်လို့ လူသုံးဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် အန်နူဝတ် ဆိုတဲ့ အမျိုးသားတစ်ဦးက နှစ်ထပ်အိမ်ပေါ်ကနေ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပို့ဆောင်ရေးလုပ်သားတစ်ဦး အပါအဝင် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အထူးရဲတပ်ဖွဲ့ဝင်တွေက အဆောက်အုံကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပေမယ့် သေနတ်သမားနဲ့ ၁၅ နာရီကြာ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ အန္တရာယ်ရှိလာတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်သမားကို ပစ်သတ်လိုက်ရပါတယ်။

သေနတ်သမားဟာ မှုယစ်ဆေးစွဲနေသူတစ်ဦးလို့ ယူဆရပြီး ရဲတပ်ဖွဲ့က မပစ်သတ်ခင် အနည်းဆုံး ခြောက်ချက်ခန့် ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သေနတ်နဲ့ ပတ်သက်တဲ့ မှုခင်းအများဆုံး နိုင်ငံတစ်ခုဖြစ်သလို ပစ်ခတ်မှုတွေ ကြီးထွားလာတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ နောက်ဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုမှာရှိတဲ့ ကလေးထိန်းစင်တာတစ်ခုကို ရဲအရာရှိဟောင်းတစ်ဦးက တိုက်ခိုက်ခဲ့လို့ ကလေး ၂၄ ဦး အပါအဝင် လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။

အစိုးရက သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပေမယ့် အစီအမံတွေက ဘယ်လောက်ထိရောက်မလဲဆိုတာ မသိရသေးပါဘူး။

Ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။