Trending Now

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင်အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံး

Spread the love

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင်အမျိုးသားတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံး

EPN
မြစ်ကြီးနား၊ မေ ၂၆

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် လမ်းသွယ် (၂၅) လမ်းကြားတွင် ယမန်နေ့ ညပိုင်းအချိန်ခန့်က အမျိုးသားတစ်ဦး ဓါးဒဏ်ဖြင့် သေဆုံးခဲ့ကြောင်း မြစ်ကြီးနားရှိ လူမှုကူညီရေးအသင်းတစ်သင်းထံမှ သိရသည်။

ရမ်ပူ‌ရပ်ကွက် ဈေးအကျော် လမ်းသွယ် (၂၅) လမ်းကြား အတွင်း၌ အသက် သုံးဆယ်ခန့် အမျိုးသား တစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူများ သတင်းပေးမှုအရ တာဝန်ရှိ အဖွဲ့များနှင့် သွားရောက်၍ သေဆုံးသူရုပ် လောင်းအား ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“ကျနော်တို့ အသင်းကို မနက် ၅နာရီခွဲလောက်မှာ ဖုန်းဆက် အကြောင်းကြားလာတယ် အဲ့ဒါနဲ့ သက်ဆိုင်ရာ ရပ်ကျေးတာဝန်ခံတွေ နယ်မြေခံ ရဲတပ်ဖွဲ့တွေနဲ့ အတူ သေဆုံး ရုပ်‌အလောင်းကို မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ် ” ၎င်းက ရှင်းပြသည်။

အဆိုပါ ဓါးဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသားသည် နောက်ကျောမှ ဓါးဖြင့် အထိုးခံရပြီး ရှေ့ဝမ်းဗိုက်မှ နောက်ကျောဘက် ထုတ်ချင်းပေါက် ဓါးဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်ကလည်း စီတာပူ ရပ်ကွက် ကုန်တင်ကုန်ချ လမ်းအနီးတွင် အမျိုးသားတစ်ဦး သေနတ်အပစ်ခံရပြီး သေဆုံး ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။