Trending Now

အေမရိကန္ေတြ ဆင္းရဲ မြဲေတေနေၾကာင္းမွတ္တမ္းမ်ား ကေဖာ္ျပ

Spread the love

အေမရိကန္ေတြ ဆင္းရဲ မြဲေတေနေၾကာင္းမွတ္တမ္းမ်ား
ကေဖာ္ျပ

EPN
ရန္​ကုန္​ ေဖေဖာ္ဝါရီ ၁၃

သုေတသနမွတ္တမ္းမ်ားအရ အေမရိကန္ ၇ သနး္ေက်ာ္ဟာ ကား အေၾကြးဝယ္ယူထားသည့္အရစ္က်
ေခ်း ေငြမ်ားကုိ ၃ လ အနည္းဆုံးေနာက္က်ျပီးမွ ေပးေခ်ႏုိင္သည့္ အတြက္ စီးပြားေရးအရ အလံနီ ျပေနသည့္ အေနအထားမွာ ရွိေနသည္။

နယူးေယာက္မွာ ရွိတဲ ႔ Federal Reserve Bank ရဲ ႔ မွတ္တမ္းေတြ အရ ေငြေၾကးအခက္အခဲေတြ ေၾကာင့္ အေမရိကန္ေတြ ဟာ ရက္ေပါင္း ၉၀ ေက်ာ္ အနည္းဆုံး ေနာက္ခ်ျပီး မွ အေၾကြးဝယ္ကဒ္စာရင္းေတြ ကိုလည္း ေပးေခ်မႈျပဳလုပ္လာၾကတယ္လုိ႔ ေျပာဆုိထားသည္။

အဆုိပါကိစၥေတြ ဟာ အေမရိကန္ျပည္ေထာင္စုအတြက္ ေကာင္းတဲ ႔ လကၡဏာမဟုတ္ပဲ စီးပြားေရး နဲ ႔ အလုပ္လက္မဲ ႔ ႏႈန္းျမင့္မားမႈဟာ ေန႔စဥ္သုံးစြဲေနတဲ ႔အသုံးစားရိတ္ေတြ ကို ေပးေခ်ဖုိ႔ ပ်က္ကြက္လာတာျဖစ္ေၾကာင္းလည္း ပညာရွင္မ်ားက သတိေပးထားသည္။

နယူးေယာက္က စီးပြားေရးပညာရွင္ေတြ ရဲ ႔ အထူးသတိေပးခ်က္ေတြ ထဲမွာ ေခ်းေငြ သုံးစြဲမႈ မ်ားလာတာဟာ အေမရိကန္ေတြ အတြက္ အက်ဳိးအျမတ္မရွိေၾကာင္းနဲ ႔ အလုပ္သမားေစ်းကြက္အတြက္လည္း ျပႆနာျဖစ္လာမွာျဖစ္ေၾကာင္း
​ေထာက္ျပေျပာဆုိထားသည္။

အေမရိကန္ျပည္ေထာင္စုတြင္ အလုပ္လုပ္ရန္အတြက္ ကား မ်ားသည္ မရွိမျဖစ္ တာေၾကာင့္ ဝယ္ယူ စီးနင္းေနၾကေသာ္လည္း ေငြေပးေခ်ရာတြင္ အေၾကြးမ်ား ၾကာလာရျခင္းသည္ ဝင္ေငြနိမ္႔ျခင္းနဲ ႔ အေမရိကန္လူမ်ဳိးေတြ ရဲ ႔ အလုပ္အမ်ဳိးအစားမ်ားကို ေဖာ္ျပသည့္ လကၡဏာလည္းျဖစ္ေနသည္။

ကား ကုိ အေၾကြးဝယ္စနစ္ျဖင့္ ဝယ္ယူစီးနင္းသူေတြ ထဲမွာ ရက္ေပါင္း ၉၀ ေက်ာ္လာျပီး ေနာက္ပုိင္း လစဥ္ပုံမွန္ ေငြ ေၾကး ဆပ္ႏုိင္ျခင္းမရွိတာေၾကာင့္ လည္း ထုတ္ယူထားသည့္ ကားကုိ ျပန္လည္ သိမ္းဆည္းခံရတာမ်ဳိး အေမရိကန္ျပည္ေထာင္စုမွာ ျဖစ္ေပၚလ်က္ရွိေနေၾကာင္းလည္းသိရသည္။

ေက်ာင္းသားလူငယ္မ်ားအေနျဖင့္ ပညာေရးအတြက္ ေခ်းေငြမ်ားႏွင့္ ေက်ာင္းတက္ေနသည့္ အခ်ိန္မွာ ကားဝယ္စီးရာတြင္ အေၾကြးမ်ား ထပ္ေနျခင္းေၾကာင့္ အသက္ ၃၀ ေအာက္လူငယ္အမ်ားအျပားအေမရိကန္မွာ ဒုကၡေရာက္ေနျပီျဖစ္သည္။

ကုိေဇာ္
————————–————————–———–
အမေရိကန်တွေ ဆင်းရဲ မွဲတေနေကြောင်းမှတ်တမ်းများ
ကဖော်ပြ

EPN
ရန်ကုန် ဖေဖော်ဝါရီ ၁၃

သုတေသနမှတ်တမ်းများအရ အမေရိကန် ၇ သန်းကျော်ဟာ ကား အကြွေးဝယ်ယူထားသည့်အရစ်ကျ ချေး ငွေများကို ၃ လ အနည်းဆုံးနောက်ကျပြီးမှ ပေးချေနိုင်သည့် အတွက် စီးပွားရေးအရ အလံနီ ပြနေသည့် အနေအထားမှာ ရှိနေသည်။

နယူးယောက်မှာ ရှိတဲ့ Federal Reserve Bank ရဲ့ မှတ်တမ်းတွေ အရ ငွေကြေးအခက်အခဲတွေ ကြောင့် အမေရိကန်တွေ ဟာ ရက်ပေါင်း ၉၀ ကျော် အနည်းဆုံး နောက်ချပြီး မှ အကြွေးဝယ်ကဒ်စာရင်းတွေ ကိုလည်း ပေးချေမှုပြုလုပ်လာကြတယ်လို့ ပြောဆိုထားသည်။

အဆိုပါကိစ္စတွေ ဟာ အမေရိကန်ပြည်ထောင်စုအတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ပဲ စီးပွားရေး နဲ့ အလုပ်လက်မဲ့ နှုန်းမြင့်မားမှုဟာ နေ့စဉ်သုံးစွဲနေတဲ့အသုံးစားရိတ်တွေ ကို ပေးချေဖို့ ပျက်ကွက်လာတာဖြစ်ကြောင်းလည်း ပညာရှင်များက သတိပေးထားသည်။

နယူးယောက်က စီးပွားရေးပညာရှင်တွေ ရဲ့ အထူးသတိပေးချက်တွေ ထဲမှာ ချေးငွေ သုံးစွဲမှု များလာတာဟာ အမေရိကန်တွေ အတွက် အကျိုးအမြတ်မရှိကြောင်းနဲ့ အလုပ်သမားဈေးကွက်အတွက်လည်း ပြဿနာဖြစ်လာမှာဖြစ်ကြောင်း
ထောက်ပြပြောဆိုထားသည်။

အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ရန်အတွက် ကား များသည် မရှိမဖြစ် တာကြောင့် ဝယ်ယူ စီးနင်းနေကြသော်လည်း ငွေပေးချေရာတွင် အကြွေးများ ကြာလာရခြင်းသည် ဝင်ငွေနိမ့်ခြင်းနဲ့ အမေရိကန်လူမျိုးတွေ ရဲ့ အလုပ်အမျိုးအစားများကို ဖော်ပြသည့် လက္ခဏာလည်းဖြစ်နေသည်။

ကား ကို အကြွေးဝယ်စနစ်ဖြင့် ဝယ်ယူစီးနင်းသူတွေ ထဲမှာ ရက်ပေါင်း ၉၀ ကျော်လာပြီး နောက်ပိုင်း လစဉ်ပုံမှန် ငွေ ကြေး ဆပ်နိုင်ခြင်းမရှိတာကြောင့် လည်း ထုတ်ယူထားသည့် ကားကို ပြန်လည် သိမ်းဆည်းခံရတာမျိုး အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပေါ်လျက်ရှိနေကြောင်းလည်းသိရသည်။

ကျောင်းသားလူငယ်များအနေဖြင့် ပညာရေးအတွက် ချေးငွေများနှင့် ကျောင်းတက်နေသည့် အချိန်မှာ ကားဝယ်စီးရာတွင် အကြွေးများ ထပ်နေခြင်းကြောင့် အသက် ၃၀ အောက်လူငယ်အများအပြားအမေရိကန်မှာ ဒုက္ခရောက်နေပြီဖြစ်သည်။

ကိုဇော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။