Trending Now

ထိုင်းနိုင်ငံမှ အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းဝင်အဓိက တရားခံတစ်ဦး မြန်မာနိုင်ငံမှာဖမ်းဆီးခံရ

Spread the love

ထိုင်းနိုင်ငံမှ အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းဝင်အဓိက တရားခံတစ်ဦး မြန်မာနိုင်ငံမှာဖမ်းဆီးခံရ 

EPN
နိုင်ငံတကာ၊ မတ် ၁၇

ထိုင်းနိုင်ငံကအလိုရှိတဲ့ မူးယစ်ဂိုဏ်းဝင်အဓိက တရားခံတစ်ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံမှာဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

ထိုင်း တရားခံဟာ မတ်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ညပိုင်း ပိတ်ဆို့စစ်ဆေးတဲ့ ရဲတပ်ဖွဲ့ဝင်ကို ကား နဲ့ တိုက် ထွက်ပြေးသွားပြီး ရဲတွေက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် သေနတ်ဒဏ်ရာရကာ ကားမောင်း ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။

သေနတ်ဒဏ်ရာ နှစ်ချက် ရထားတဲ့ တရားခံ မာရွတ်မာတူရင် ဟာ ထိုင်းနိုင်ငံရှိ စာဆိုလို မန်ထုမက် မူးယစ်ဂိုဏ်းက အဓိက ဂိုဏ်းဝင်ငါးဦးမှာ တစ်ဦးအပါဝင်ဖြစ်ပါတယ်။ တရားခံ မာရွတ်မာတူရင် ဟာ ပြီးခဲ့တဲ့ ၈ လကျော်က ထိုင်းတရားရုံးက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပါတယ်။ 

အဆိုပါဒဏ်ရာရရှိသူ ထိုင်းနိုင်ငံသား မှာ ရရှိထားတဲ့ သေနတ်ဒဏ်ရာကို ဆေးကုသမှုခံဖို့ တာချီလိတ်မြို့ရှိ သူငယ်ချင်း အမျိုးသမီးတစ်ဦးနဲ့ အတူ ပြင်ပဆေးခန်းများ လိုက်ရှာရာ ဆေးခန်းတွေကို မတွေ့ခဲ့ဘဲ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာချိန်မှာ ဆေးရုံဝန်ထမ်းတွေက ရဲကိုအကြောင်းကြားခဲ့လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ 

ထိုင်းလူဝင်မှုကြီကြပ်ရေးအဖွဲ့ အကြီးအကဲ ရဲချုပ် ဆူရချေ့ဟတ်ဖန်ရဲ့ ညွှန်ကြားချက်နဲ့ အမှတ် (၅) ဒေသ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံ မာရွတ်မာတူရင် ကို တာချီလိတ်ဆေးရုံမှာသွားရောက် စစ်ဆေးခဲ့ပြီး တရားခံကို မြန်မာနိုင်ဆိုင်ရာ တရာဥပဒေအရ အရေးယူပြီးပါက ထိုင်းနိုင်ငံကိုပြန်လည်လွဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း ထိုင်းသတင်းတွေကဆိုပါတယ်။
————————–


EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။