Trending Now

အတိတ်က ပဋိပက္ခတွေကို သင်ပုန်းချေပစ်လိုက်ဖို့ ဆရက်သာကို ပရာယွတ်ပြော

Spread the love

အတိတ်က ပဋိပက္ခတွေကို သင်ပုန်းချေပစ်လိုက်ဖို့ ဆရက်သာကို ပရာယွတ်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၅

တိုင်းပြည်ရှေ့ခရီးဆက်နိုင်အောင် အတိတ်ကပဋိပက္ခတွေကို သင်ပုန်းချေပစ်လိုက်ဖို့ မကြာခင်တာဝန်ကအနား ယူတော့မယ့် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ၎င်းကိုပြောကြောင်း ဝန်ကြီးချုပ်သစ် ဆရက်သာသာဗီဆင်က ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်ခံလိုက်ရတဲ့ မစ္စတာဆရက်သာဟာ သြ ဂုတ်လ ၂၄ ရက်နေ့ (ကြာသပတေးနေ့) က အစိုးရအိမ်တော်မှာ ဗိုလ်ချုပ်ကြီးပရာယွတ်ကို သွားရောက်တွေ့ဆုံခဲ့ ပါတယ်။

အသစ်ခန့်အပ်ခံလိုက်ရတဲ့ ဝန်ကြီးချုပ်နဲ့ ပရာယွတ်ပြီးတော့တက်လာမယ့် ဂျူနီယာဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ပရာယွတ်ထံကိုသွားရောက်ပြီး အကြံဉာဏ်များရယူတာဟာ သင့်တော်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဆရက်သာက ပြောပါတယ်။

“တိုင်းပြည်၊ ပြည်သူ၊ ဘာသာတရားနဲ့ ဘုရင်စနစ်ကို ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်သွားဖို့ ပရာယွတ်က ကျွန်တော့်ကို မှာကြားပါတယ်။” လို့ ဖီယူထိုင်းပါတီဌာနချုပ်ကို ပြန်ရောက်လာတဲ့အချိန်မှာ ဆရက်သာက သ တင်းထောက်တွေကို ပြောပါတယ်။

အာဏာလွှဲပြောင်းခြင်းမပြုခင်မှာ နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နှစ်ဦး အမြင်ချင်းဖလှယ်ပြီး အခုလိုပြော ဆိုဆွေးနွေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ပရာယွတ်က ပြောပါတယ်။

ဆရက်သာအနေနဲ့ စီးပွားရေးလောကကနေလာတဲ့အတွက် နိုင်ငံကိုအုပ်ချုပ်တဲ့အခါ မတူညီတဲ့အုပ်ချုပ်ရေးနည်း လမ်းကိုတွေ့ရှိနိုင်တယ်လို့ ပရာယွတ်ကပြောဆိုခဲ့ကြောင်း ဆရက်သာက ပြောပါတယ်။

“ဆိုတော့ ကျွန်တော့်အနေနဲ့ စိတ်ရှည်ပြီး ခေါင်းအေးအေးထားရမယ်လို့ ပရာယွတ်က ပြောပါတယ်။ ကျွန်တော် သဘောတူတဲ့ သူ့ရဲ့မူဝါဒတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပြောပါတယ်။ အဲဒီမူဝါဒ တွေဟာ တိုင်းပြည်အတွက် သင့်တော်တယ်ဆိုရင် ကျွန်တော်ဆက်ပြီး အကောင်အထည်ဖော်သွားမှာပါ။” လို့ ဆရက်သာက ပြောပါတယ်။

အစိုးရအိမ်တော်မှာ အခုလိုလမ်းညွှန်ခရီးပြောကြားပေးခဲ့တဲ့ ပရာယွတ်ဟာ ဖော်ရွေပြီး သဘောကောင်းသူဖြစ် ကြောင်း ဝန်ကြီးချုပ်သစ်ဆရက်သာက ပြောပါတယ်။

ပရာယွတ်ဟာ လေးစားဖွယ်ကောင်းတဲ့စီနီယာတစ်ဦးဖြစ်ပြီး ဖော်ရွေသူဖြစ်ကြောင်း၊ အခု တွေ့ဆုံမှုကို ဝန်ကြီး ချုပ်နှစ်ဦးရဲ့ရုံးဝန်ထမ်းတွေက စီစဉ်ပေးတာဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: Prayut asks me to move past conflicts: Srettha


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။