Trending Now

ဒေါ်အောင်ဆန်းစုကြည် ၏ သားကြီးလက်ဆောင်ပေးထားသည့် တိုက်ချီဒို ခွေးလေး သေသည့်သတင်း ကောလဟာလဟုပြော

Spread the love

ဒေါ်အောင်ဆန်းစုကြည် ၏ သားကြီးလက်ဆောင်ပေးထားသည့် တိုက်ချီဒို ခွေးလေး သေသည့်သတင်း ကောလဟာလဟုပြော

EPN

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၁

 

ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရုံးချိန်းအတွင်း ရှေ့နေအချို့နှင့် တွေ့ဆုံစဉ် တိုက်ချီဒို သေဆုံးမှု ကောလာဟလ သတင်းမှာ မမှန်ကြောင်း ပြောကြားခဲ့ပြီး တိုက်ချီဒို ၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရကြောင်း ရှေ့နေတစ်ဦးထံမှသိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရုံးချိန်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် စပ်လျဉ်းပြီး စွဲဆိုထားသည့် အမှုများအနက်က အမှု(၁)ခုကိုသာ နေပြည်တော်ရှိ အထူးတရားရုံးတွင် ကြားနာစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယနေ့ အမှုကြားနာမှုတွင် တရားလိုပြသက်သေများအား ရဲအရာရှိ ၅ ဦးတက်ရောက်ခဲ့ပြီး တရားသူကြီးက စွဲချက်တင်ရာတွင် လျှောက်လဲချက်ပေးနိုင်ရန် အမှုကို ဖေဖော်ဝါရီ ၁၈ ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

 

ကေကေ

 

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။