Trending Now

SPIC ကုမ္ပဏီမှ မြစ်ကြီးနားမြို့နယ်အတွင်း ကျပ်သန်းတစ်ရာ့သုံးဆယ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် COVID 19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်း

Spread the love

SPIC ကုမ္ပဏီမှ မြစ်ကြီးနားမြို့နယ်အတွင်း ကျပ်သန်းတစ်ရာ့သုံးဆယ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် COVID 19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်း

EPN
မြစ်ကြီးနား၊ ဧပြီ ၉

မြစ်ကြီးနားမြို့နယ်အတွင်း COVID 19 ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်နှင့် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် SPIC ကုမ္ပဏီမှ မြန်မာကျပ်ငွေ (၁၃၂) သန်းတန်ဖိုးရှိ ဆန်၊ ဆီ ထောက်ပံ့ရေးပစ္စည်းများနှင့် COVID 19 ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

SPIC ကုမ္ပဏီသည် ယမန်နေ့ ဧပြီ ၈ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးသုံး ပစ္စည်များကို ထောက်ပံ့ခဲ့သည်။ ထို့အပြင် မြစ်ကြီးနားမြို့နယ် အတွင်းရှိ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေး ဂေဟာများ၊ အောင်မြင်သာစံပြကျေးရွာနှင့် မလိယာန်ကျေးရွာများ အတွက် ဆန်၊ စားဆီနှင့် COVID 19 ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း SPIC ကုမ္ပဏီမှ သိရသည်။

SPIC ကုမ္ပဏီမှ COVID-19 ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် အပူချိန်တိုင်းစက်၊ ဆေးရုံသုံး ကာကွယ်ရေးဝတ်စုံများ၊ ဆေးရုံသုံးကာကွယ်ရေးမျက်မှန်များ၊ ပိုးသတ်ဆေးရည်များ၊ လက်ဆေးရည် (Hand Gel)များ၊ နှာခေါင်းစီးများ၊ လက်ဆေးစင်များနှင့် အခြားဆက်စပ်ပစ္စည်းများကို ပြည်နယ်အစိုးရထံသို့ လှူဒါန်းခဲ့ကြောင်း သိရပြီး မိဘမဲ့ဂေဟာများနှင့် အောင်မြင်သာ၊ မလိယန်စသည့်ကျေးရွာများသို့လည်း ဆန်၊ ဆီ စသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် COVID 19 ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကိုလှူဒါန်းခဲ့သည်။

ယင်းသို့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ SPIC ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“ကုမ္ပဏီအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ကချင်ပြည်နယ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို ကူညီပေးတဲ့အနေနဲ့ အခုလို လှူဒါန်းတာပါ။ လက်ရှိမှာ မြန်မာနိုင်ငံမှာ Positive လူနာရှိနေသော်လည်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် တရုတ်-မြန်မာအသိုင်းအ၀ိုင်း အသီးသီး ကနေ ထောက်ပံ့ကူညီမှုတို့နဲ့အတူ ဒီ COVID 19 ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်မယ် လို့ နက်ရှိုင်းစွာယုံကြည်ပါတယ်” ဟု မစ္စတာ ဖင်းဝေဝေ က ပြောသည်။

ထို့အပြင် SPIC ကုမ္ပဏီ အနေနှင့် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ် တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ကို ကချင်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း စသည့်နေရာများသို့ လှူဒါန်းကူညီပေးအပ်သွားမည်ဟု SPIC ကုမ္ပဏီမှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။