Trending Now

ညောင်ဦးမြို့အား ဗဟိုပြု၍ ယနေ့နံနက်ပိုင်းက ငလျင်လှုပ်ခတ်

Spread the love

ညောင်ဦးမြို့အား ဗဟိုပြု၍ ယနေ့နံနက်ပိုင်းက ငလျင်လှုပ်ခတ်

EPN
ညောင်ဦး၊ ဖေဖော်ဝါရီ ၂၄ (၂၀၂၄)

မန္တလေးတိုင်း၊ ညောင်ဦးမြို့အား ဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သော်လည်း ပုဂံရှေး ဟောင်းယဥ်ကျေးမှု နယ်မြေအတွင်း ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီ ၆ မိနစ် ၁၆ စက္ကန့်က ညောင်ဦးမြို့၏ မြောက် – အနောက်မြောက်ဘက် (၇)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁ ဒဿမ ၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒဿမ ၈၇) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး (၄ ဒဿမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လှုပ်ခတ်ခဲ့သော်လည်း ပုဂံရှေးဟောင်းယဥ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း စေတီပုထိုးတော်များနှင့်ရှေးဟောင်း အဆောက်အအုံများမှာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။