Trending Now

ဗန်းမောက်မြို့၌ ကျဆုံးသွားသည့်သန္ဓေမီးသတ် တပ်ကြပ်တစ်ဦး၏ဇနီးအားထောက်ပံ့ငွေသိန်း(၁၀၀)ပေးအပ်

Spread the love

ဗန်းမောက်မြို့၌ ကျဆုံးသွားသည့်သန္ဓေမီးသတ် တပ်ကြပ်တစ်ဦး၏ဇနီးအားထောက်ပံ့ငွေသိန်း(၁၀၀)ပေးအပ်

EPN

ဗန်းမောက် ၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြို့နယ်သန္ဓေမီးသတ်ဌာနရှိ ရုံးခန်းတွင်တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားသည့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တပ်ကြပ်တစ်ဦး၏ဇနီးအားယမန်နေ့ မွန်းလွှဲ၂နာရီအချိန်က ထောက်ပံ့ငွေသိန်း(၁၀၀)ကျပ်ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်ပြည်ထဲရေးဝန်ကြီးဌာနမှ ဗန်းမောက်မြို့နယ် သန္ဓေမီးသတ်ဦးစီးဌာန ဦးစီးမှူးဦးခူပိုလီကပ်သို့ပေးအပ်ခဲ့သော ကျပ်သိန်း(၁၀၀)အားဦးစီးမှူးဦးခူပိုလီကပ်က ကျဆုံးသွားသည့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တပ်ကြပ်ဦးမိုးဝင်း၏ဇနီး မဌေးဌေးခိုင်သို့လွှဲပြောင်းပေးအပ်ခဲ့ရာ မဌေးဌေးခိုင်မှကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တပ်ကြပ် မိုးဝင်းသည် ဧပြီ ၂၆ရက်နေ့ နေ့လည်၂နာရီ၁၅မိနစ်အချိန်ခန့်ကမြို့အဝင်ကိုဗစ်-၁၉စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေစဉ်အမည်မသိလက်နက်ကိုင်တစ်စုမှလာရောက်တိုက်ခိုက်ပစ်ခတ်မူကြောင့်ဦးခေါင်းတွင်ကျည်ထိမှန်သေဆုံးခဲ့ကာ၎င်း၌ဇနီးနှင့်(၁၀)နှစ်သားအရွယ်၊(၈)နှစ်သားအရွယ်သားနှစ်ယောက်ကျန်ရစ်ခဲ့ကြောင်းသိရသည်။

ယင်းနေ့ဖြစ်စဉ်တွင်တာဝန်ကျနေသောဒုရဲအုပ်တစ်ဦးနှင့်ရဲတပ်ကြပ်တစ်ဦးတို့မှာလည်း သေနတ်ကျည်များထိမှန်ကာ သေဆုံးခဲ့ပြီးတိုက်ပွဲကြောင့်အနီးအနားရှိဓါတ်ဆီဆိုင်(၄)ဆိုင်မှာလည်း မီးလောင်ကျွမ်းခံခဲ့ရကြောင်းသိရသည်။

နာဂစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။