Trending Now

ဂျပန်ဘီလျံနာက သူ့ရဲ့ လကမ္ဘာ အလည်အပတ် ခရီးစဉ်မှာ လိုက်ပါမယ့် လူစာရင်းကြေညာ

Spread the love

ဂျပန်ဘီလျံနာက သူ့ရဲ့ လကမ္ဘာ အလည်အပတ် ခရီးစဉ်မှာ လိုက်ပါမယ့် လူစာရင်းကြေညာ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀

ဂျပန်သန်းကြွယ်သူဌေးကြီး မီဇာဝါ ယုဆာကု က လာမယ်နစ်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ လကမ္ဘာခရီးစဉ် မှာ သူနဲ့အတူတူ လိုက်ပါစီးနင်းမယ့် လူရှစ်ဦးကို တရားဝင်ကြေညာခဲ့ပါတယ်။

မီဇာဝါ ဟာ ၂၀၂၁ ခုနစ် ဒီဇင်ဘာလမှာ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး နိုင်ငံတကာအာကာသစခန်းကို ၁၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက ခရီးသွားဖြစ်ပါတယ်။

အခုသွားရောက်မယ့် သူ့ရဲ့ လကမ္ဘာခရီးစဉ်မှာလည်း သူနဲ့အတူ လိုက်ပါမယ့် အဖွဲ့ဝင်ရှစ်ဦးကို လျောက်ထားသူ ၁ သန်းကျော်ထဲကနေ ရွေးချယ်ပြီးကြောင်း သူ့ရဲ့ တွစ်တာကနေ ကြေညာခဲ့ပါတယ်။

သူရွေးချယ်ခဲ့တဲ့ သူတွေဟာ တောင်ကိုရီးယား ယောင်္ကျားလေး တေးဂီတအဖွဲ့ BIGBANG၊ T.O.P နဲ့ ဂရမ်မီ ဆန်ခါတင် စာရင်းဝင် အမေရိကန် ဒီဂျေ Steve Aoki တို့ ပါဝင်ပြီး အိန္ဒိယ နဲ့ ချက်သမ္မတနိုင်ငံတို့က အပါအဝင် စုစုပေါင်း ၆ နိုင်ငံက ဖြစ်ပါတယ်။

သူတို့ရဲ့ လကမ္ဘာအလည်အပတ်ခရီးစဉ်ဟာ တစ်ပတ်လောက်ကြာမြင့်မယ်လို့ ခန့်မှန်းရပြီး အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX ရဲ့ Starship ယာဉ်နဲ့ လာမယ့် နှစ်မှာ သွားရောက်မှာ ဖြစ်ပါတယ်။

— ကိုးကား —
NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။