Trending Now

မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်မည့် အဆင့်မြင့် Mini Shopping Center လာမည် မတ်လအတွင်း ဖွင့်လှစ်ရန်လျာထား

Spread the love

မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်မည့် အဆင့်မြင့် Mini Shopping Center လာမည် မတ်လအတွင်း ဖွင့်လှစ်ရန်လျာထား
EPN
မြစ်ကြီးနား ၊စက်တင်ဘာ ၆
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် တပင်ရွှေထီးလမ်းမပေါ်တွင် ဂင်လွမ်းကုမ္ပဏီမှ တည်ဆောက်နေသည့် ပထမဆုံး အဆင့်မြင့် Mini Shopping Center အား ကုန်စည်ဈေးနှုန်း မြင့်တက်ပြီး ဆောက်လုပ်ရေးပစ္စည်းအခက်အခဲများကြောင်း သတ်မှတ်ထားသည့်အချိန်ထက် နောက်ကျကာ ပြီးစီးနိုင်ဖွယ်ရှိကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသည်။
အဆိုပါ အဆင့်မြင့် Mini Shopping Center ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလမှ စတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ်လအတွင်း ပြီးစီးရမှာဖြစ်သော်လည်း ကိုဗစ်နှင့် နိုင်ငံရေး အခြေအနေများကြောင့် ကြန့်ကြာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကုန်စည်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမူကြောင့် လာမည့်မတ်လ အတွင်း အပြီးတည်ဆောက်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။
“အခု လောလောဆယ်ကတော့ ကတော့ မတ်လလောက်အထိတော့ ရက်တိုးတောင်းထားတယ် လုပ်ငန်းတွေကိုတော့ မရပ်ထားဘူး ရသလောက်တော့ လုပ်နေတယ် လုပ်နေတဲ့အထဲမှာ အစိုးရနဲ့ ညှိုနှိုင်းပြီး လုပ်နေပါတယ် ရပ်သွားတယ်ဆိုရင် ပြန်ကြံ့ကြာဦးမယ် ဒေါ်လာဈေးတွေ အရမ်းမြင့်သွားတော့ ဆောက်လုပ်ရေး ပစ္စည်းတွေမှာ ဈေးအရမ်းကွာဟမူတွေ ရှိတယ် ဒါအဲ့တာကြောင့် အခက်အခဲတွေအများကြီးရှိနေတယ် ဒီကြားထဲဒေါ်လာဈေးတွေ ထိုးကျလာရင်တော့ တစ်မျိုးပေါ့ ”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယခုတည်ဆောက်နေသည့် Shopping Center အတွင်း ဈေးဆိုင်ခန်းများ ရုပ်ရှင်ရုံ၊ ကလေးကစားကွင်း၊ GYMအားကစားရုံး၊ စားသောက်ဆိုင်များနှင့် ၊ အပေါ်ဆုံးထပ်တွင် SKY Bar ပါဝင်မှာဖြစ်ကြောင်း သိရသည်။
အဆင့်မြင့် Mini Shoppying Center ကို ဂင်လွမ်း ကုမ္ပဏီက ၂၀၂၀ခုနှစ် မှ စတင်ကာ ဆောက်လုပ်နေခြင်းဖြစ်ပြီး နှစ်နှစ် တာကာလအတွင်း အပြီးဆောက်လုပ်ရန် ပြည်နယ်အစိုးရဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေအရ ရပ်နားခဲ့ရခြင်းဖြစ်သည်။
လက်ရှိကာလတွင် သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးစီးရန် မရှိသေးသည့်အတွက် လာမည့် မတ်လအထိ သက်တမ်းတိုး ပေးရန် တင်ပြတောင်းဆိုထားကြောင်း သိရသည်။
ဂင်လွမ်းကုမ္ပဏီမှ တည်ဆောက်သည့် Mini Shoppying Center မှာ ခြောက်ထပ်အ‌ဆောက်အဦး ဖြစ်ပြီး အဆိုပါ အဆောက်အဦး၏ မြေနေရာမှာ စည်ပင်သာယာရေးအဖွဲ့၏ မြေနေရာဖြစ်၍ မြေငှာရမ်းခ တစ်လလျှင် (၁၅)သိန်းကျပ်နှူန်းဖြင့် အဆောက်အဦးဆောင်ရွက်ခွင့် နှစ်(၃၀) သက်တမ်းဖြစ်ကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။