Trending Now

အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်းတစ်ရာ့ခုနှစ်ဆယ်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်းတစ်ရာ့ခုနှစ်ဆယ်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မိုးကောင်း၊ မေ ၂၁

မိုးကောင်းမြို့နယ်အတွင်း ယနေ့ မေ ၂၁ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း (၁၇၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများတွင် ဘိန်းစိမ်းနှင့် ဘိန်းဖြူများပါဝင်ပြီး မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု တောင်နီကျေးရွာရှိ ရပ်ကွက်(၁)နေ အသက် (၅၃)နှစ်အရွယ်ရှိ ဒေါ်ခိုင်ခိုင်ဦး(ခ) မခိုင်၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်းစိမ်း အမဲရောင်အစေးခဲ(အစို) (၆၀၀)ဂရမ်နှင့် ဖြူ/ဝါမှုန့်ပါ တစ်ခွက်လျှင်(၁၀)ဂရမ် ရောင်စုံဆပ်ပြာခွက်အတွင်း (၂၀)ခွက် (၂၀၀)ဂရမ် ကာလတန်ဖိုး ကျပ်သိန်း (၁၇၀) ကျော်ဖြစ်ပြီး မိုးညှင်းမူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ်နေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များနှင့် ပင်းဘော နယ်မြေရဲစခန်းမှ ဒုတပ်ကြပ်ကြီး အောင်ရဲကျော်နှင့် သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တောင်နီကျေးရွာ၊ ရပ်ကွက်(၂) နေထိုင်သူ ဒေါ်ခိုင်ခိုင်ဦး(ခ) မခိုင်၊ (၅၃) နှစ် ဆိုသူအား ပင်းဘောနယ်မြေရဲစခန်းတွင် မယ(ပ) ၁၅/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဥပဒေပုဒ်မ ၁၉(က) အရ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။